Common Language Bible
ဟောရှေ 6
လူတို့၏မမှန်ကန်သောနောင်တ
လူတို့က``ထာဝရဘုရားထံသို့ပြန်ကြ စို့၊ ကိုယ်တော်သည်ငါတို့အားအနာတရ ဖြစ်စေသော်လည်း အနာပျောက်ကင်းအောင် ကုသတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းတော်မူမည်။- ငါတို့ကိုနှစ်ရက်သုံးရက်အတွင်းအင်အား ပြည့်လျက်ပြန်လည်ရှင်သန်စေတော်မူ၍ မျက်မှောက်တော်အောက်တွင်နေစေတော်မူ လိမ့်မည်။- ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။
သို့ရာတွင်ထာဝရဘုရားက``ဣသရေလ အမျိုးသားနှင့်ယုဒအမျိုးသားတို့၊ သင် တို့ကိုငါမည်ကဲ့သို့စီရင်ရမည်နည်း၊ ငါ့ အားသင်တို့ထားသောမေတ္တာသည်နံနက် ဆီးနှင်းကဲ့သို့လည်းကောင်း၊ နှင်းပေါက်ကဲ့ သို့လည်းကောင်းပျောက်လွယ်လှ၏။- ထို့ကြောင့်ငါသည်ပရောဖက်များကိုစေ လွှတ်၍ သင်တို့ကိုတရားစီရင်မည့်အကြောင်း နှင့်ပျက်စီးဆုံးပါးစေမည့်အကြောင်းကြား ပြောစေခဲ့၏။- ငါသည်သင်တို့၏ယဇ်ကောင်ပူဇော်ခြင်းကို အလိုမရှိ၊ သင်တို့၏မေတ္တာကိုသာအလိုရှိ ၏။ ငါ၏လူမျိုးတော်သည်ငါ့အားမီးရှို့ရာ ယဇ်ပူဇော်ခြင်းထက်ငါ့အားသိကျွမ်းခြင်း ကိုသာအလိုရှိ၏။''1
``သို့ရာတွင်သူတို့သည်ပြည်တော်ထဲသို့ ဝင်ရောက်လျှင်ဝင်ရောက်ခြင်း ငါနှင့်ပြုလုပ် ခဲ့သောပဋိညာဉ်ကိုချိုးဖောက်ကြ၏။- ဂိလဒ်မြို့သည်လူဆိုးများလူသတ် သမားများမင်းမူရာအရပ်ဖြစ်သည်။- ယဇ်ပုရောဟိတ်များသည်လုယက်ရန်ချုံ ခိုစောင့်သောဋ္ဌားပြဂိုဏ်းကဲ့သို့ကျင့်ကြံ ကြသည်။ သူတို့သည်ရှေခင်မြို့သို့သွား ရာလမ်း၌ပင်လျှင်လူကိုသတ်ကြ၏။ သူ တို့သည်ဤကဲ့သို့ဆိုးရွားသောရာဇဝတ် မှုများကိုကူးလွန်ကြ၏။- ဣသရေလပြည်သားတို့၏စက်ဆုပ်ဖွယ် ကောင်းသောအမှုကိုငါမြင်ရပြီ။ ငါ၏ လူမျိုးတော်သည်ရုပ်တုများကိုကိုးကွယ် ၍မိမိတို့ကိုယ်ကိုညစ်ညမ်းစေကြပြီ။''
``ယုဒပြည်သားတို့သင်တို့ကူးလွန်သည့် အပြစ်အတွက် သင်တို့အားလည်းငါပြစ် ဒဏ်စီရင်မည့်နေ့ရက်ကိုသတ်မှတ်ထား ပြီးဖြစ်သည်။''
Source notes (1)
- Cross-reference မ၊ ၉:၁၃၊ ၁၂:၇။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.