ဟ္ဂဲ
Haggai
Introduction from this edition
ဟ္ဂဲကျမ်း
နိဒါန်း
ဟ္ဂဲကျမ်းသည်ခရစ်တော်မပေါ်ထွန်းမီ ၅၂၀ ခု နှစ်တွင်ပရောဖက်ဟ္ဂဲမှတစ်ဆင့် ထာဝရ ဘုရားပေးတော်မူသော သတင်းစကား အတိုများကိုစုဆောင်းထားခြင်းဖြစ်သည်။ လူတို့သည်ပြည်နှင်ဒဏ်သင့်ရာမှပြန်လည် ရောက်လာကြပြီး၊ ယေရုရှလင်မြို့တွင်နှစ် ပေါင်းအနည်းငယ်ကြာအောင်နေထိုင်နေ ကြပြီးဖြစ်သည်။ သို့ရာတွင်ဗိမာန်တော် မှာမူကားပျက်စီးနေဆဲဖြစ်ပေသည်။ ဣသရေလလူမျိုးတို့၏ခေါင်းဆောင်များ အားဗိမာန်တော်ကိုပြန်လည်တည်ဆောက် ရန်နှင့် အသစ်ပြောင်းလဲ၍သန့်စင်ပြီးသော လူမျိုးအတွက် အနာဂတ်ကာလတွင် စီးပွားတိုးတက်ရေးနှင့်ငြိမ်းချမ်းမှုကို ထာဝရဘုရားကတိထားတော်မူကြောင်း သတင်းစကားများနှင့်တိုက်တွန်းထား ပေသည်။
အကြောင်းအရာအကျဉ်းချုပ်
ဗိမာန်တော်အားပြန်လည်တည်ဆောက်ရန် အမိန့်ပေးခြင်း ၁:၁-၁၅
နှစ်သိမ့်မှုနှင့်မျှော်လင့်ချက်ပေးသော သတင်းစကားများ ၂:၁-၂၃
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.