Skip to content
BibleKenya

ဟ​ဗက္ကုတ်

Habakkuk

Introduction from this edition

ဟ​ဗက္ကုတ်​အ​နာ​ဂတ္တိ​ကျမ်း

နိ​ဒါန်း

ပ​ရော​ဖက်​ဟ​ဗက္ကုတ်​၏​စ​ကား​များ​သည်​ဗာ​ဗု​လုန်​အ​မျိုး​သား​များ​တန်​ခိုး​ကြီး​ထွား​နေ​စဉ်​ကာ​လ၊ ခ​ရစ်​တော်​မ​ပေါ်​ထွန်း​မီ​ခု​နစ်​ရာ​စု​ကုန်​ဆုံး​လု​နီး​အ​ချိန်​တွင်​ပေါ်​ထွက်​လာ​ပေ​သည်။ သူ​သည်​ဤ​ရက်​စက်​သော​လူ​မျိုး​တို့​၏​အ​ကြမ်း​ဖက်​မှု​အ​ပေါ်​လွန်​စွာ​စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​လျက်​ရှိ​သည်။ ထို့​ကြောင့်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား``သို့​ဖြစ်​၍​မိ​မိ​တို့​ထက်​ကိုယ်​ကျင့်​တ​ရား​ကောင်း​မွန်​သူ​တို့​အား ထို​သူ​တို့​သုတ်​သင်​ပယ်​ရှင်း​ကြ​သော​အ​ခါ​ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ဆိတ်​ဆိတ်​နေ​တော်​မူ​ပါ​သ​နည်း'' ၁:၁၃ ဟု​မေး​ခဲ့​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​သင့်​တော်​သည့်​အ​ချိန်​တွင်​မိ​မိ​ဆောင်​ရွက်​မည်​ဖြစ်​ကြောင်း​မိန့်​ဆို​၍ ထို​အ​တော​အ​တွင်း​၌``သူ​တော်​ကောင်း​တို့​မူ​ကား​ဘု​ရား​သ​ခင်​ကို​သစ္စာ​စောင့်​သ​ဖြင့်​အ​သက်​ရှင်​ကြ​လိမ့်​မည်'' ၂:၄ ဟု​ဖြေ​ကြား​တော်​မူ​သည်။

ကျမ်း​စောင်​၏​ကျန်​သော​အ​ပိုင်း​များ​သည်​သူ​ယုတ်​မာ​တို့​၏​ကြမ္မာ​ဆိုး​နှင့်​ဆိုင်​သော​ပ​ရော​ဖက်​ပြု​ဟော​ကြား​ချက်​ဖြစ်​၍၊ ဆာ​လံ​ဆ​ရာ​၏​အ​ဆုံး​မ​ရှိ​သော​ယုံ​ကြည်​ခြင်း​ကို​ဖော်​ပြ​ထား​ပြီး ဘု​ရား​သ​ခင်​၏​ကြီး​မြတ်​မှု​ကို​ဂုဏ်​ပြု​ထား​သည့်​ဆာ​လံ​အား​ဖြင့်​အ​ဆုံး​သတ်​ထား​လေ​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

ဟ​ဗက္ကုတ်​၏​တိုင်​တန်း​ချက်​များ​နှင့်​ထာ​ဝ​ရ​ဘု​ရား​၏

ဖြေ​ကြား​တော်​မူ​ချက် ၁:၁-၂:၄

သူ​ယုတ်​မာ​တို့​၏​ကြမ္မာ​ဆိုး ၂:၅-၂၀

ဟ​ဗက္ကုတ်​၏​ဆု​တောင်း​ချက် ၃:၁-၁၉

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.