ဧဖက်
Ephesians
Introduction from this edition
ဧဖက်သြဝါဒစာ
နိဒါန်း
မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးပေါ်ရှိအဖန် ဆင်းခံဟူသမျှအား ခရစ်တော်၏ဦးစီး ခေါင်းဆောင်မှုအောက်တွင်ရောက်ရှိစေရန် ဘုရား သခင်၏အကြံအစည်တော်ရှိကြောင်းဧဖက် သြဝါဒစာတွင် ရှေးဦးစွာဖော်ပြပါရှိပေ သည်(၁:၁၀) မနုဿလူသားတို့သည်သခင် ယေရှုနှင့်တစ်လုံးတစ်ဝတည်းရှိခြင်းအား ဖြင့် စည်းလုံးညီညွတ်ရေးတည်းဟူသောကြီး မြတ်လှသည့်အကြံအစည်တော်နှင့်အညီ ဘုရားသခင်၏လူစုတော်ကပြုမူကျင့် ကြံကြရန်သြဝါဒပါရှိသည်။
ကျမ်းပြုသူသည်ဧဖက်သြဝါဒစာပထမ ပိုင်းတွင် အဖဘုရားသခင်ကမိမိ၏လူစု တော်အားအဘယ်သို့ရွေးကောက်တော်မူသည် ကိုလည်းကောင်း၊ သားတော်သခင်ယေရှုအား ဖြင့်သူတို့၏အပြစ်များကိုအဘယ်သို့ ဖြေလွှတ်တော်မူသည်ကိုလည်းကောင်း၊ ဘုရား သခင်၏ကတိတော်အတိုင်းအကောင် အထည်ပေါ်လာမည်ဟု သန့်ရှင်းသောဝိညာဉ် တော်ကအဘယ်သို့အာမခံတော်မူသည် ကိုလည်းကောင်းတင်ပြကာ စည်းလုံးညီ ညွတ်မှုအကြောင်းကိုအကျယ်တဝင့် တင်ပြလေသည်။ ဒုတိယပိုင်းတွင်ကျမ်း ဖတ်သူတို့သည်ခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းရှိခြင်းအဖြစ်ကို အမှန် တကယ်လက်တွေ့အားဖြင့်ပြသကြ ရန်သြဝါဒပေးသည်။
ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိခြင်း အားဖြင့် ဘုရားသခင်၏လူစုတော်ဝင်တို့ အချင်းချင်းစည်းလုံးညီညွတ်မှုရရှိကြ ပုံကို ဥပမာစကားများအားဖြင့်ဖော်ပြ ထားလေသည်။ ယင်းဥပမာစကားများ မှာအသင်းတော်သည်ခန္ဓာကိုယ်နှင့်တူ၍ ခရစ်တော်သည်အဆောက်အအုံ၏ထောင့် ချုပ်ကျောက်ဖြစ်ခြင်း၊ အသင်းတော်သည် ခင်ပွန်းရှိသည့်အမျိုးသမီးနှင့်တူ၍ ခရစ်တော်သည်ခင်ပွန်းဖြစ်ခြင်းစသည် တို့ဖြစ်သည်။ ကျမ်းပြုသူသည်ခရစ်တော် အားဖြင့်ရရှိအပ်သော ဘုရားသခင်၏ ကျေးဇူးတော်နက်ရှိုင်းအံ့သြဖွယ်ကောင်းပုံ ကိုစိတ်အားတက်ကြွစွာဖြင့်ရေးသား ရကား သူ၏ကလောင်မှာလွန်စွာထူးကဲ ထက်မြက်လှပေသည်။ ခရစ်တော်၏မေတ္တာ တော်၊ အသက်တော်ကိုတင်လှူပူဇော်တော် မူခြင်း၊ အပြစ်ဖြေလွှတ်တော်မူခြင်း၊ ကျေးဇူးတော်၊ ဖြူစင်သန့်ရှင်းတော်မူခြင်း စသည်တို့ကိုနောက်ခံထား၍ ကျမ်းပြုစု သူသည်ရေးသားတင်ပြပေသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း
ခရစ်တော်နှင့်အသင်းတော်
ခရစ်တော်အားဖြင့်ရရှိသည့်ဘဝသစ်
နိဂုံး
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.