ကောလောသဲ
Colossians
Introduction from this edition
ကောလောသဲသြဝါဒစာ
နိဒါန်း
ရှင်ပေါလုရေးသားသောကောလောသဲသြဝါဒ စာသည် ရောမပိုင်အာရှဟုခေါ်သောနယ်ပယ်ရှိ ဧဖက်မြို့၏အရှေ့ဘက်၌တည်ရှိသည့် ကောလော သဲမြို့အသင်းတော်သို့ရေးသားသောစာဖြစ်၏။ ထိုအသင်းတော်သည်ရှင်ပေါလုတည်ထောင်သည့် အသင်းတော်မဟုတ်ပေ။ သို့ရာတွင်ကောလောသဲ မြို့တည်ရှိရာနယ်မြေတွင် အမှုတော်ဆောင်ရန် ရှင်ပေါလုတာဝန်ယူထားသည့်အတိုင်း ဧဖက် မြို့အမှုတော်ဆောင်များကိုကောလောသဲမြို့ သို့စေလွှတ်ခဲ့၏။ ထိုအသင်းတော်တွင်အယူ လွဲမှားသောဆရာတို့ကဘုရားသခင်ကို သိရှိနိုင်ရန်နှင့် ကယ်တင်ခြင်းအပြည့်အဝ ခံစားနိုင်ရန်ကောင်းကင်လောကကို အစိုးရ သည့်တန်ခိုးရှင်များနှင့်အာဏာပိုင်တို့ကို ကိုးကွယ်ရမည်ဟုသွန်သင်နေကြ၏။ ထို့ အပြင်အရေဖျားလှီးမင်္ဂလာခံခြင်း၊ အစားအသောက်နှင့်အခြားအမှုကိစ္စများ နှင့်ပတ်သက်သည့်ဥပဒေစည်းကမ်းချက် များကိုတိကျစွာလိုက်နာကျင့်သုံးရ မည်ဟုလည်းသွန်သင်ကြသည်။
ရှင်ပေါလုသည်ခရစ်ယာန်တရားအစစ် အမှန်ကိုတင်ပြခြင်းအားဖြင့် ထိုသွန်သင် ချက်များမှားယွင်းကြောင်းကိုထောက်ပြ၏။ သူ၏အဋ္ဌိကတင်ပြချက်မှာသခင်ယေရှု သည်ကယ်တင်ခြင်းကိုအပြည့်အဝပေး နိုင်သောအရှင်ဖြစ်တော်မူကြောင်း၊ ဤသို့ ခံယူယုံကြည်ချက်မှတစ်ပါး အခြားခံယူ ယုံကြည်ချက်များနှင့်ကျင့်သုံးမှုများ သည်ကိုယ်တော်နှင့်ဝေးကွာစေမည့်အရာ များဖြစ်ကြောင်း၊ ဘုရားသခင်သည်ခရစ် တော်အားဖြင့်ကမ္ဘာလောကကိုဖန်ဆင်း တော်မူ၍ကိုယ်တော်အားဖြင့်ပင် ထိုလောက ကိုမိမိထံသို့ပြန်လည်ပို့ဆောင်တော်မူ မည်ဖြစ်ကြောင်း၊ ကမ္ဘာသူကမ္ဘာသားတို့ ကယ်တင်ခြင်းခံရရန်တစ်ခုတည်းသော နည်းလမ်းမှာ သခင်ယေရှုနှင့်တစ်လုံး တစ်ဝတည်းဖြစ်ရန်ပင်ဖြစ်ကြောင်းသွန် သင်သည်။ ထို့နောက်မိမိသွန်သင်သော တရားတော်အရမည်သို့ကျင့်ရမည်ကို သြဝါဒပေးလေသည်။
ဤစာကိုကောလောသဲအသင်းတော်သို့ယူ ဆောင်ပေးသူ တုခိတ်နှင့်အတူသြနေသိမ် လည်းလိုက်ပါသွားသည့်အချက်မှာစိတ်ဝင် စားဖွယ်ကောင်း၏။ သြနေသိမ်သည်ဖိလေမုန် ၏ကျွန်ဖြစ်ပြီးသူ့အတွက်ဖိလေမုန် သြဝါဒစာကိုရှင်ပေါလုရေးခဲ့ပေသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း
ခရစ်တော်၏ဇာတိတော်နှင့် အမှုတော်ဆောင် လုပ်ငန်း
ခရစ်တော်အားဖြင့်ရရှိသည့်ဘဝသစ်
နိဂုံး
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.