၂ တိ
2 Timothy
Introduction from this edition
တိမောသေသြဝါဒစာဒုတိယစောင်
နိဒါန်း
တိမောသေသြဝါဒစာဒုတိယစာစောင်တွင် ပါရှိသည့်အကြောင်းအရာများမှာများသော အားဖြင့် ရှင်ပေါလုသည်မိမိထက်ငယ်ရွယ်သူ လုပ်ဖော်ကိုင်ဘက်နှင့်လက်ထောက်တိမောသေ အားအကြံဉာဏ်ပေးချက်များဖြစ်သည်။ ဤ စာစောင်၏အဋ္ဌိကအကြောင်းအရာမှာ ခံနိုင်ရည်ရှိရမည့်အကြောင်းဖြစ်၏။ အတိုက် အခံပြုသူများ၏ထိုးနှက်မှုနှင့်ဆင်းရဲ ဒုက္ခတို့ကိုခံနေရစဉ်ပင်လျှင် သခင်ယေရှု ၏အမှုတော်ကိုသစ္စာရှိစွာထမ်းဆောင်ရ မည်ဖြစ်ကြောင်း၊ သတင်းကောင်းနှင့်ဋ္ဌမ္မဟောင်း ကျမ်းစာတွင်ပါရှိသည့်သစ္စာတရားကို မြဲစွာခံယူထားရမည်ဖြစ်ကြောင်း၊ သွန် သင်သူနှင့်သတင်းကောင်းကိုဟောပြောသူ ၏တာဝန်ဝတ္တရားများကိုကျေပွန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိမောသေ အားအကြံပေးတိုက်တွန်းထားသည်။
လူတို့အားကောင်းကျိုးမပေးဘဲဆိုးကျိုး သာပေးတတ်သောဉာဏ်တိမ်မိုက်မဲသည့်ငြင်း ခုံမှုမျိုးကိုရှောင်ရှားရန်ကိုလည်းအထူး သတိပေးထားသည်။
စာရေးသူသည်မိမိ၏ဘဝနှင့်မျှော်မှန်း ချက်ကိုဖော်ပြလျက်မိမိ၏ယုံကြည်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ ချစ်ြခင်းမေတ္တာ၊ ခံနိုင်ရည်၊ ညှဉ်းဆဲနှိပ်စက်ခံရခြင်းစသည်တို့ကို တိမောသေကအတုယူရန်လည်းတိုက် တွန်းလေသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း
ထောမနာပြုခြင်း၊ အားပေးတိုက်တွန်းခြင်း
အကြံပေးခြင်းနှင့်သတိပေးခြင်း
ရှင်ပေါလုကိုယ်တိုင်ကြုံတွေ့ရသည့်အခြေအနေ
နိဂုံး
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.