၂ သက်
2 Thessalonians
Introduction from this edition
သက်သာလောနိတ်သြဝါဒစာဒုတိယစောင်
နိဒါန်း
ခရစ်တော်တစ်ဖန်ကြွလာတော်မူခြင်းနှင့်ပတ် သက်၍ သက်သာလောနိတ်အသင်းတော်တွင်မ တည်မငြိမ်မှုရှိနေသေး၏။ သခင်ဘုရားကြွ လာတော်မူရာနေ့ရက်ကျရောက်ပြီးပြီဟူ သောယုံကြည်ယူဆချက်မှားယွင်းကြောင်း ကိုတင်ပြရန် သက်သာလောနိတ်သြဝါဒစာ ဒုတိယစောင်ကိုရှင်ပေါလုရေးသားပေသည်။ ခရစ်တော်တစ်ဖန်ကြွလာတော်မမူမီကိုယ် တော်ကိုအတိုက်အခံပြုမည့်``သူယုတ်မာ ကြီး'' ဟုအမည်တွင်သူ၏ဦးဆောင်မှုဖြင့် ဆိုးညစ်ယုတ်မာမှုများသည် အဆိုးရွား ဆုံးအခြေအနေသို့ရောက်ရှိလာရဦး မည်ဖြစ်ကြောင်းသွန်သင်၏။
သက်သာလောနိတ်အသင်းတော်ဝင်တို့သည် ဆင်းရဲဒုက္ခအမျိုးမျိုးတို့ကိုခံနေရသော် လည်း ခရစ်တော်ကိုယုံကြည်မှုခိုင်မာစေရန် လည်းကောင်း၊ မိမိနှင့်မိမိ၏လုပ်ဖော်ကိုင် ဘက်များကဲ့သို့ အသက်မွေးဝမ်းကျောင်း ရှာဖွေလုပ်ကိုင်နေကြရန်လည်းကောင်း၊ ကောင်း မြတ်သောအမှုတို့ကိုဆောင်ရွက်ရာတွင်ဇွဲ လုံ့လရှိကြရန်လည်းကောင်း တမန်တော် ကြီးကအလေးအနက်တိုက်တွန်းပေသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း
ချီးကူးစကားပြောကြားခြင်း
ခရစ်တော်ကြွလာတော်မူခြင်းအကြောင်းနှင့် ပတ်သက်သောသွန်သင်ချက်
ခရစ်ယာန်ပြုမူကျင့်ကြံမှုနှင့်ပတ်သက်၍ တိုက်တွန်းနှိုးဆော်ခြင်း
နိဂုံး
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.