Skip to content
BibleKenya

၄ ရာ

2 Kings

Introduction from this edition

ဋ္ဌမ္မ​ရာ​ဇ​ဝင်​စ​တုတ္ထ​စောင်

နိ​ဒါန်း

ဣ​သ​ရေ​လ​နိုင်​ငံ​နှစ်​နိုင်​ငံ​တို့​၏​သ​မိုင်း​ကို​ဋ္ဌမ္မ ရာ​ဇ​ဝင်​တ​တိ​ယ​စောင်​တွင်​တင်​ပြ​ခဲ့​ရာ​မှ ဋ္ဌမ္မ ရာ​ဇ​ဝင်​စ​တု​တ္ထ​စောင်​တွင်​ဆက်​၍​တင်​ပြ​ခြင်း ဖြစ်​သည်။ ဤ​ကျမ်း​စောင်​ကို​နှစ်​ပိုင်း​ခွဲ​၍​လေ့​လာ နိုင်​ပါ​သည်။ (၁) ခ၊​သ၊​ရှေ့ ၉ ရာ​စု​အ​လယ်​မှ ခ၊​သ၊​ရှေ့ ၇၂၁ ခု​နှစ်​၌​ရှ​မာ​ရိ​မြို့​ကျ​ဆုံး​ချိန် နှင့်​မြောက်​ပိုင်း​နိုင်​ငံ​ပျက်​ပြုန်း​ချိန်​အ​ထိ​နှစ် နိုင်​ငံ​တို့​၏​သ​မိုင်း။ (၂) ဣသ​ရေ​လ​နိုင်​ငံ​ပျက် ပြုန်း​ချိန်​မှ​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ မင်း​သည် ယေ​ရု​ရှ​လင်​မြို့​ကို​ခ၊​သ၊ ရှေ့ ၅၈၆ ခု​နှစ် ၌​ဖျက်​ဆီး​သည့်​အ​ချိန်​အ​ထိ​ယု​ဒ​နိုင်​ငံ​၏ သ​မိုင်း။ ယု​ဒ​နိုင်​ငံ​သည်​ဗာ​ဗု​လုန်​နိုင်​ငံ​၏ လက်​အောက်​ခံ​ဖြစ်​လာ​ပြီး​လျှင် ဂေ​ဒ​လိ​သည် ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ်​အုပ်​စိုး​ကြောင်း​နှင့် ဗာ​ဗု​လုန်​မြို့​တွင်​ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ​သည် အ​ကျဉ်း​ထောင်​မှ​လွတ်​လာ​ကြောင်း​ဖော်​ပြ လျက် ဤ​ကျမ်း​စောင်​ကို​အ​ဆုံး​သတ်​လေ​သည်။

ဣသ​ရေ​လ​နိုင်​ငံ​နှင့်​ယု​ဒ​နိုင်​ငံ​တို့​ဤ​ဘေး များ​ကို​တွေ့​ကြုံ​ရ​ခြင်း​မှာ ဘု​ရင်​များ​နှင့်​ပြည် သူ​တို့​သည်​သစ္စာ​ဖောက်​ကြ​သော​ကြောင့်​ဖြစ် သည်။ ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး​ခြင်း​နှင့်​ယု​ဒ ပြည်​သူ​များ​စွာ​တို့​ကို​တိုင်း​တစ်​ပါး​သို့​ဖမ်း ဆီး​ခေါ်​ဆောင်​သွား​ခြင်း​အ​တွေ့​အ​ကြုံ​သည် ဣ​သ​ရေ​လ​လူ​မျိုး​၏​သ​မိုင်း​တွင်​မ​မေ့ ပျောက်​နိုင်​သော​မှတ်​တိုင်​ဖြစ်​ပေ​သည်။

ဤ​ကျမ်း​စောင်​တွင် ထင်​ရှား​သော​ပ​ရော​ဖက် မှာ​ဧ​လိ​ယ​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​သူ ဧ​လိ​ရှဲ​ဖြစ်​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

နိုင်​ငံ​တော်​နှစ်​ပိုင်း​ကွဲ​သွား​ခြင်း ၁:၁-၁၇:၄၁

က။ ပ​ရော​ဖက်​ဧ​လိ​ရှဲ ၁:၁-၈:၁၅

ခ။ ယု​ဒ​ဘု​ရင်​များ​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​များ ၈:၁၆-၁၇:၄

ဂ။ ရှ​မာ​ရိ​မြို့​ကျဆုံး​ခြင်း ၁၇:၅-၄၁

ယု​ဒ​နိုင်​ငံ ၁၈:၁-၂၅:၃၀

က။ ဟေ​ဇ​ကိ​မှ​ယော​ရှိ ၁၈:၁-၂၁:၂၆

ခ။ ယော​ရှိ​၏​နန်း​သက် ၂၂:၁-၂၂:၃၀

ဂ။ နောက်​ဆုံး​ယု​ဒ​ဘု​ရင်​များ ၂၃:၃၁-၂၄:၂၀

ဃ။ ယေ​ရု​ရှ​လင်​မြို့​ကျ​ဆုံး​ခြင်း ၂၅:၁-၃၀

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.