Skip to content
BibleKenya

၂ ကော

2 Corinthians

Introduction from this edition

ကော​ရိန္သု​သြ​ဝါ​ဒ​စာ

ဒု​တိ​ယ​စောင်

နိ​ဒါန်း

ရှင်​ပေါ​လု​သည်​ကော​ရိန္သု​အ​သင်း​တော်​နှင့် ဆက်​ဆံ​ရာ​တွင်​ခက်​ခဲ​သော​ပြ​ဿ​နာ​ကို ရင်​ဆိုင်​ရ​ချိန်​၌ ကော​ရိန္သု​သြ​ဝါ​ဒ​စာ ဒု​တိ​ယ​စောင်​ကို​ရေး​သား​ခြင်း​ဖြစ်​၏။ ထို အ​သင်း​တော်​ဝင်​အ​ချို့​တို့​က​ရှင်​ပေါ​လု အား ပြင်း​ထန်​စွာ​ပြစ်​တင်​ဝေ​ဖန်​ခဲ့​ကြ​သည် မှာ​သိ​သာ​နိုင်​ပေ​သည်။ သို့​ရာ​တွင်​သူ​သည် ထို​သူ​တို့​နှင့်​ပြန်​လည်​သင့်​မြတ်​နိုင်​ရန် လွန်​စွာ​လို​လား​ကြောင်း၊ ပြန်​လည်​သင့်​မြတ် မှု​ရ​ရှိ​သော​အ​ခါ​၌​လွန်​စွာ​ဝမ်း​မြောက် ကြောင်း​ကို​ရေး​သား​သည်။

ဤ​စာ​စောင်​ပ​ထ​မ​ပိုင်း​တွင်​ရှင်​ပေါ​လု​သည် မိ​မိ​အား အ​တိုက်​အ​ခံ​ပြု​သူ​များ​နှင့်​စော် ကား​ပြော​ဆို​သူ​များ​အား အ​ဘယ်​ကြောင့် ပြင်း​ပြင်း​ထန်​ထန်​တုံ့​ပြန်​ချေ​ပ​ရ​သည်​ကို ဖော်​ပြ​ပြီး​နောက် ယင်း​သို့​တုံ့​ပြန်​ချေ​ပ​မှု ကြောင့်​ထို​သူ​တို့​သည်​နောင်​တ​ရ​လာ​သ​ဖြင့် မိ​မိ​နှင့်​ပြန်​လည်​သင့်​မြတ်​လာ​သည့်​အ​တွက် များ​စွာ​နှစ်​ထောင်း​အား​ရ​ကြောင်း​ကို​ရေး သား​သည်။ ထို​နောက်​သူ​သည်​ယု​ဒ​ပြည်​ရှိ ချို့​တဲ့​နွမ်း​ပါး​သည့်​ခ​ရစ်​ယာန်​များ​အ​တွက် ရက်​ရော​စွာ​ပေး​လှူ​ကြ​ရန်​ကော​ရိန္သု​အ​သင်း တော်​ဝင်​တို့​အား​မေတ္တာ​ရပ်​ခံ​လေ​သည်။ နောက် ဆုံး​အ​ခန်း​များ​တွင်​မိ​မိ​အား​တ​မန်​တော် အ​တု​အ​ယောင်​ဖြစ်​သည်​ဟု ကော​ရိန္သု​မြို့ ရှိ​လူ​အ​နည်း​ငယ်​က​စွပ်​စွဲ​ကာ မိ​မိ​တို့ ကိုယ်​ကို​မူ​တ​မန်​တော်​အ​စစ်​အ​မှန်​များ ဖြစ်​သည်​ဟု​ပြော​ဆို​နေ​ကြ​သည်​ကို ချေ​ပ​ရေး​သား​ထား​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

နိ​ဒါန်း

ရှင်​ပေါ​လု​နှင့်​ကော​ရိန္သု​မြို့​ရှိ​အ​သင်း​တော်

ယု​ဒ​ပြည်​ရှိ​ခ​ရစ်​ယာန်​များ​အ​တွက်​အ​လှူ​ငွေ

တ​မန်​တော်​တစ်​ပါး​အ​နေ​ဖြင့်​မိ​မိ​တွင်​အ​ခွင့် အာ​ဏာ​ရှိ​ကြောင်း

ပေါ​လု​ချေ​ပ​ပြော​ဆို​ချက်

နိ​ဂုံး

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.