Skip to content
BibleKenya

၁ တိ

1 Timothy

Introduction from this edition

တိ​မော​သေ​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်

နိ​ဒါန်း

တိ​မော​သေ​သည်​အာ​ရှ​မိုင်း​နား​ဒေ​သ​တွင် ကြီး ပြင်း​လာ​သော​ခ​ရစ်​ယာန်​လူ​ငယ်​တစ်​ဦး​ဖြစ် သည်။ အ​မိ​မှာ​ယု​ဒ​လူ​မျိုး၊ အ​ဖ​မှာ​ဂ​ရိ​လူ မျိုး​ဖြစ်​၏။ သူ​သည်​ရှင်​ပေါ​လု​၏​သာ​သ​နာ ပြု​လုပ်​ငန်း​တွင် ရှင်​ပေါ​လု​၏​လုပ်​ဖော်​ကိုင်​ဘက် နှင့်​လက်​ထောက်​ဖြစ်​လာ​၏။ ရှင်​ပေါ​လု​ရေး သား​သော​တိ​မော​သေ​သြ​ဝါ​ဒ​စာ​ပ​ထ​မ စောင်​တွင် အ​ဋ္ဌိ​က​အ​ကြောင်း​အ​ရာ​သုံး​ခု တွေ့​ရှိ​ရ​၏။

ပ​ထ​မ​အ​နေ​ဖြင့်​အ​သင်း​တော်​တွင်​မှား​ယွင်း သည့်​အ​ယူ​ဝါ​ဒ​ရှိ​နေ​၍​သ​တိ​ပေး​သည်။ ယင်း​မှား​ယွင်း​သော​အ​ယူ​ဝါ​ဒ​မှာ​ယု​ဒ အ​မျိုး​သား​တို့​၏​အ​တွေး​အ​ခေါ်​နှင့် ယု​ဒ အ​မျိုး​သား​မ​ဟုတ်​သူ​တို့​၏​အ​တွေး​အ​ခေါ် တို့​ကို​ရော​နှော​ရာ​မှ​ပေါ်​လာ​သော​အ​ယူ​ဝါ​ဒ ဖြစ်​သည်။ ယင်း​အ​ယူ​ဝါ​ဒ​အ​ရ​ရုပ်​လော​က သည်​ဆိုး​ညစ်​သည်​ဖြစ်​၍ လူ​သည်​ကယ်​တင် ခြင်း​ရ​နိုင်​ရန် အ​ထူး​နက်​နဲ​သည့်​အ​သိ​ပ​ညာ ရ​ရှိ​ရန်​လို​အပ်​ကြောင်း၊ ထို့​အ​ပြင်​အ​စာ​ရှောင် ခြင်း၊ အိမ်​ထောင်​မ​ပြု​ဘဲ​နေ​ခြင်း​အ​စ​ရှိ​သည့် ကျင့်​စဉ်​များ​ကို​လည်း​လိုက်​နာ​ရန်​လို​အပ် ကြောင်း၊ ဒု​တိ​ယ​အ​နေ​ဖြင့်​အ​သင်း​တော် အုပ်​ချုပ်​ရေး၊ ကိုး​ကွယ်​ဝတ်​ပြု​ရေး​နှင့်​ပတ် သက်​၍​လည်း​ကောင်း အ​သင်း​တော်​ခေါင်း​ဆောင် များ​နှင့်​လက်​ထောက်​များ​တွင် ရှိ​အပ်​သည့် အ​ရည်​အ​သွေး​စ​သည်​တို့​နှင့်​ပတ်​သက်​၍ လည်း​ကောင်း​ညွှန်​ကြား​ချက်​များ​ဖော်​ပြ ပါ​ရှိ​၏။ တ​တိ​ယ​အ​နေ​ဖြင့်​တိ​မော​သေ သည်​ယေ​ရှု​ခ​ရစ်​၏​အ​စေ​ခံ​ကောင်း​တစ် ယောက်​ဖြစ်​လာ​နိုင်​ရန်​နှင့် ခ​ရစ်​ယာန်​လူ တန်း​စား​အ​သီး​သီး​တို့​ကို​ပြု​စု​နိုင်​ရန် အ​ကြံ​ဉာဏ်​ပေး​ချက်​များ​ဖော်​ပြ​ပါ ရှိ​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

နိ​ဒါန်း​

အ​သင်း​တော်​နှင့်​အ​သင်း​တော်​အ​ရာ​ရှိ​များ​အ​တွက် ညွှန်​ကြား​ချက်​များ​

တိ​မော​သေ​၏​အ​လုပ်​နှင့်​ပတ်​သက်​သည့် ညွှန်​ကြား​ချက်​များ​

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.