Skip to content
BibleKenya

၁ သက်

1 Thessalonians

Introduction from this edition

သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်

နိဒါန်း

သက်​သာ​လော​နိတ်​မြို့​သည်​ရော​မ​နိုင်​ငံ​လက် အောက်​ခံ​မာ​ကေ​ဒေါ​နိ​နယ်​ပယ်​၏​မြို့​တော် ဖြစ်​သည်။ ရှင်​ပေါ​လု​သည်​ဖိ​လိပ္ပိ​မြို့​မှ​ထွက် ခွာ​လာ​ပြီး​နောက်​သက်​သာ​လော​နိတ်​မြို့​တွင် အ​သင်း​တော်​တစ်​ပါး​ကို​တည်​ထောင်​သည်။ သက်​သာ​လော​နိတ်​မြို့​တွင်​ယု​ဒ​ဘာ​သာ​ကို စိတ်​ဝင်​စား​လာ​သော​ယု​ဒ​အ​မျိုး​သား​မ​ဟုတ် သူ​တို့​အား ခ​ရစ်​ယာန်​တ​ရား​ကို​ရှင်​ပေါ​လု ဟော​ပြော​ရာ​တွင်​အောင်​မြင်​သည့်​အ​တွက် မ​ကြာ​မီ​ပင်​ယု​ဒ​အ​မျိုး​သား​တို့​က သူ့​အား​မ​နာ​လို​သ​ဖြင့်​အ​တိုက်​အ​ခံ ပြု​လေ​သည်။ သို့​ဖြစ်​၍​ရှင်​ပေါ​လု​သည် သက်​သာ​လော​နိတ်​မြို့​မှ​ဗေ​ရိ​မြို့​သို့ ထွက်​ခွာ​သွား​ရ​သည်။ ထို​မှ​တစ်​ဖန်​ကော​ရိန္သု မြို့​သို့​ရောက်​ရှိ​သွား​သော​အ​ခါ​၌​သူ​၏ အ​မှု​တော်​ဆောင်​ဘက်​ဖြစ်​သူ​တိ​မော​သေ ရောက်​လာ​၍ သက်​သာ​လော​နိတ်​အ​သင်း တော်​၏​အ​ခြေ​အ​နေ​အ​ကြောင်း​ကို ရှင်​ပေါ​လု​အား​တင်​ပြ​သည်။

ထို​အ​ခါ​တွင်​ရှင်​ပေါ​လု​သည်​သက်​သာ​လော နိတ်​မြို့​ရှိ​ခ​ရစ်​ယာန်​တို့​အား​စိတ်​မ​ပျက်​စေ ရန်​နှင့်​အား​မာန်​တက်​စေ​ရန် သက်​သာ​လော​နိတ် သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​ကို​ရေး​သည်။ ထို သူ​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​မေတ္တာ​တရား​အ​တွက် သူ​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည်။ သူ တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က မိ​မိ​အ​ဘယ် သို့​ပြု​မူ​နေ​ထိုင်​ခဲ့​ပုံ​ကို​ပြန်​လည်​သ​တိ​ရ စေ​သည်။ ထို​နောက်​ယုံ​ကြည်​သူ​သည်​ခ​ရစ် တော်​တစ်​ဖန်​ကြွ​လာ​တော်​မ​မူ​မီ သေ​ဆုံး သွား​ခဲ့​သော်​ကိုယ်​တော်​ကြွ​လာ​ချိန်​၌​ပေး တော်​မူ​မည့်​ထာ​ဝ​ရ​အ​သက်​ကို​ခံ​စား​နိုင် ပါ​မည်​လော။ အ​ဘယ်​အ​ခါ​၌​ခ​ရစ်​တော် တစ်​ဖန်​ကြွ​လာ​တော်​မူ​မည်​နည်း​ဟု အ​သင်း တော်​အ​သိုင်း​အ​ဝိုင်း​တွင်​မေး​မြန်း​ကြ​သည့် မေး​ခွန်း​များ​ကို​ဖြေ​ဆို​လေ​သည်။ အ​သင်း တော်​ဝင်​တို့​သည်​ခ​ရစ်​တော်​တစ်​ဖန်​ကြွ လာ​ချိန်​ကို​မျှော်​လင့်​စောင့်​စား​လျက်​ရှိ​နေ စဉ် မိ​မိ​တို့​လုပ်​ဆောင်​ရန်​ရှိ​သည့်​တာ​ဝန် လုပ်​ငန်း​များ​ကို​ငြိမ်​ဝပ်​စွာ​ဆက်​လက်​လုပ် ဆောင်​ကြ​ရ​မည်​ဖြစ်​ကြောင်း​သြ​ဝါ​ဒ ပေး​လေ​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

နိ​ဒါန်း

ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​နှင့်​ထော​မ​နာ​ပြု​ခြင်း

ခ​ရစ်​ယာန်​ပြု​မူ​ကျင့်​ကြံ​မှု​နှင့်​ပတ်​သက်​၍ တိုက်​တွန်း​နှိုး​ဆော်​ခြင်း

ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ပတ်​သက်​၍​သွန်​သင်​ခြင်း

နောက်​ဆုံး​တိုက်​တွန်း​နှိုး​ဆော်​ချက်​များ

နိ​ဂုံး

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.