Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

ဟေဗြဲ 8

ပို၍/ကောင်းသော/ပဋိညာဉ်/၏ ယဇ်ပုရောဟိတ်မင်း

ကျွန်ုပ်တို့ ပြောဆိုနေသော အဓိက/အချက်/မှာ ထိုသို့သော/ယဇ်ပုရောဟိတ်မင်း/တစ်ဦး/သည် ကျွန်ုပ်တို့/၌/ရှိ၏။ ထို/ယဇ်ပုရောဟိတ်/သည် ကောင်းကင်ဘုံ/၌ ဘုန်းကြီးသော/တန်ခိုးရှင်/၏ ရာဇပလ္လင်/လက်ယာတော်/ဘက်/၌ ထိုင်တော်မူပြီး သန့်ရှင်းရာ/ဌာနတော်/၌ အမှု/ထမ်းဆောင်သူ/ဖြစ်၏။ ဤ/သန့်ရှင်းရာ/ဌာနတော်/သည် လူ/က တည်ဆောက်ထားသော တဲတော်/မဟုတ်ဘဲ ထာဝရဘုရား/ကိုယ်တိုင် တည်ဆောက်ထားသည့် စစ်မှန်သော/တဲတော်/ဖြစ်၏။

ယဇ်ပုရောဟိတ်မင်း/ဟူသည် ပူဇော်စရာများ/နှင့် ယဇ်များ/ကို ဘုရားသခင်/ထံ ပူဇော်/ရန် ခန့်အပ်ခြင်း/ခံရသူ/ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့/၏/ယဇ်ပုရောဟိတ်မင်း/သည်/လည်း ပူဇော်စရာ/တစ်စုံတစ်ခု/ရှိရမည်။ ဘုရားသခင်/အား ပညတ်တရား/အရ ပူဇော်စရာများ/ပူဇော်ရသော ယဇ်ပုရောဟိတ်များ/သည် ကမ္ဘာလောက/တွင် ရှိနေပြီ/ဖြစ်/သောကြောင့် ကိုယ်တော်/သည် ကမ္ဘာလောက/တွင်/ရှိခဲ့/လျှင် ယဇ်ပုရောဟိတ်/ဖြစ်မည်/မဟုတ်။ မောရှေ/သည် တဲတော်/ဆောက်/သောအခါ ဘုရားသခင်/က “တောင်ပေါ်/၌ သင့်/အား ပြသော/ပုံစံ/အတိုင်း အရာ/အားလုံး/ကို ဆောက်လော့” ဟု သတိပေးတော်မူခဲ့သည်/ဖြစ်၍ ထို/ယဇ်ပုရောဟိတ်များ/အမှု/ထမ်းဆောင်ရာ တဲတော်/သည်လည်း ကောင်းကင်ဘုံ/၌ ရှိသော တဲတော်/ကို ထင်ဟပ်/ရန်/နှင့် ပုံတူ/ယူ/ရန်/ဖြစ်၏။ သို့သော် ကျွန်ုပ်တို့/၏ ယဇ်ပုရောဟိတ်မင်း/ယေရှု/သည် ယခင်/ယဇ်ပုရောဟိတ်များ/ထမ်းဆောင်ရသော/အမှု/တာဝန်/ထက် ပို/၍ ကောင်းသော/အမှု/တာဝန်/ကို လက်ခံရရှိသူ/ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်/သည် ပို/၍ ကောင်းသော/ကတိတော်များ/ပေါ်/တွင် အခြေခံသည့် ပို/၍ ကောင်းသော/ပဋိညာဉ်/ကို ဘုရားသခင်/နှင့် ကျွန်ုပ်တို့/အကြား/တွင် ကြားဝင်/စေ့စပ်ပေး/သောကြောင့်/ဖြစ်၏။

အကယ်၍ ပထမ/ပဋိညာဉ်/သည် အပြစ်ဆိုဖွယ်/မရှိခဲ့/လျှင် ဒုတိယ/ပဋိညာဉ်/ကို ဖွဲ့/ရန် မလိုအပ်ပေ။ သို့ရာတွင် ဘုရားသခင်/သည် မိမိ/လူတို့/ကို အပြစ်တင်/လျက် မိန့်တော်မူသည်/မှာ

“အစ္စရေးလူမျိုး/နှင့်/လည်းကောင်း၊

ယုဒလူမျိုး/နှင့်/လည်းကောင်း

ပဋိညာဉ်/သစ်/ကို ငါ/ဖွဲ့မည့် အချိန်/ရောက်လာမည်/ဟု

ထာဝရဘုရား မိန့်တော်မူ၏။

ဤ/ပဋိညာဉ်/သည် သူတို့/၏/ဘိုးဘေးများ/နှင့်

ငါ/ဖွဲ့သော ပဋိညာဉ်/နှင့် ကွဲပြား/လိမ့်မည်။

ငါ/သည် သူတို့/ဘိုးဘေးများ/ကို လက်ဆွဲ/၍ အီဂျစ်ပြည်/မှ ထုတ်ဆောင်/သောအခါ

ထို/သူတို့/နှင့် ပဋိညာဉ်/ဖွဲ့ခဲ့၏။

သူတို့/သည် ငါ့/ပဋိညာဉ်/ကို မစောင့်ထိန်း/သောကြောင့်

ငါ/သည် သူတို့/ကို လျစ်လျူရှုထား၏ ဟု

ထာဝရဘုရား/မိန့်တော်မူ၏။

ထာဝရဘုရား/မိန့်တော်မူသည်/မှာ ထို/ကာလ/ပြီးနောက်

ငါ/သည် အစ္စရေး/လူမျိုးတို့/နှင့် ပဋိညာဉ်/ဖွဲ့မည်။

ငါ့/ပညတ်တရား/ကို သူတို့/အသိဉာဏ်/၌ ထည့်သွင်း/၍

သူတို့/၏ နှလုံးသား/၌ ရေးထားမည်။

ငါ/သည် သူတို့/၏/ဘုရား/ဖြစ်/ပြီး

သူတို့/သည် ငါ/၏/လူများ/ဖြစ်ကြ/လိမ့်မည်။

အငယ်ဆုံးသောသူ/မှစ၍ အကြီးဆုံးသောသူ/တိုင်အောင်

ငါ့/ကို သိကြမည် ဖြစ်/သောကြောင့်

‘ထာဝရဘုရား/ကို သိလော့’ ဟု အမျိုးသားချင်း/နှင့်

ညီအစ်ကိုချင်းတို့/အား သွန်သင်/ရန် မလိုအပ်ပေ။

ငါ/သည် သူတို့/၏ မတရားမှုများ/ကို ခွင့်လွှတ်/ပြီး

သူတို့/၏ အပြစ်များ/ကို မေ့ပစ်မည်”

ဟူ၍ ဖြစ်၏။

ဘုရားသခင်/သည် ပဋိညာဉ်/သစ် ရှိမည်/ဟု မိန့်တော်မူ/သောကြောင့် ပထမ/ပဋိညာဉ်/ကို အသုံးမပြုတော့ပေ။ အသုံးပြုခြင်း/မခံရတော့သည့်/အရာ/သည် မကြာမီ ပျောက်ကွယ်သွား/လိမ့်မည်။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.