Skip to content
BibleKenya

Biblica® Open Burmese Contemporary Bible

ဟေဗြဲ 1

သားတော်/မှတစ်ဆင့် ဖွင့်ပြတော်မူခြင်း

ရှေး/ကာလ/၌ ဘုရားသခင်/သည် ကျွန်ုပ်တို့/၏ ဘိုးဘေးများ/ကို ပရောဖက်များ/မှတစ်ဆင့် အကြိမ်ကြိမ် နည်းလမ်း/အမျိုးမျိုး/ဖြင့် စကားပြောတော်မူ၏။ ဤ/နောက်ဆုံးသော/နေ့ရက်များ/တွင်/မူ ဘုရားသခင်/သည် မိမိ/သားတော်/မှတစ်ဆင့် ကျွန်ုပ်တို့/အား စကား/ပြောတော်မူ၏။ ဘုရားသခင်/သည် သားတော်/ကို အရာ/အားလုံး/၏ အမွေခံ/ဖြစ်စေတော်မူ/ပြီး ထို/သားတော်/အားဖြင့် စကြဝဠာ/ကို ဖန်ဆင်းတော်မူ၏။ သားတော်/သည် ဘုရားသခင်/၏ ဘုန်းရောင်ခြည်/နှင့် ထွန်းတောက်/လျက်/ရှိပြီး ဘုရားသခင်/၏ စစ်မှန်သည့် စရိုက်/လက္ခဏာ/ကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်/သည် မိမိ/၏/တန်ခိုးကြီးသော အမိန့်တော်/ဖြင့် အရာ/အားလုံး/ကို တည်တံ့/စေတော်မူ/ကာ လောကီသားတို့/၏ အပြစ်များ/ကို ဖယ်ရှား/ပြီးနောက် အထက်/ကောင်းကင်ဘုံ/၌ ဘုန်းကြီးသော/တန်ခိုးရှင်/၏ လက်ယာတော်/ဘက်/၌ ထိုင်တော်မူ၏။ သားတော်/သည် ကောင်းကင်တမန်တို့/ထက် ကြီးမြတ်သော/နာမ/ကို ရရှိသည်/နှင့်/အညီ ကောင်းကင်တမန်တို့/ထက် အလွန်/ကြီးမြတ်တော်မူ၏။

ကောင်းကင်တမန်တို့/ထက် ကြီးမြတ်တော်မူသော/သားတော်

ဘုရားသခင်/သည် မည်သည့်/ကောင်းကင်တမန်/ကို/မျှ

“သင်/သည် ငါ့/သား/ဖြစ်၏။

ယနေ့/ပင် ငါ/သည် သင်/၏ ဖခင်/ဖြစ်လာ၏”1

ဟူ၍ လည်းကောင်း၊

“ငါ/သည် သူ/၏/ဖခင်/ဖြစ်မည်။

သူ/သည် ငါ့/သား ဖြစ်/လိမ့်မည်”2

ဟူ၍ လည်းကောင်း မိန့်တော်မမူခဲ့။

ဘုရားသခင်/သည် မိမိ/၏/သားဦး/ကို ဤ/လောက/သို့ စေလွှတ်တော်မူ/သောအခါ

“ဘုရားသခင်/၏ ကောင်းကင်တမန်/အားလုံးတို့/သည် ထို/အရှင်/ကို ကိုးကွယ်/ရမည်”3

ဟု မိန့်တော်မူ၏။

ဘုရားသခင်/သည် ကောင်းကင်တမန်များ/အကြောင်း/ကို ဖော်ပြ/ရာတွင်

“ကိုယ်တော်/သည် မိမိ/၏/ကောင်းကင်တမန်များ/ကို လေ/ကဲ့သို့ ဖြစ်စေတော်မူ၏။

မိမိ/၏/အမှုထမ်းများ/ကို မီးလျှံ/ကဲ့သို့ ဖြစ်စေတော်မူ၏”4

ဟု မိန့်တော်မူ၏။ သို့သော် သားတော်/နှင့် ပတ်သက်၍

“အို ဘုရားသခင်… ကိုယ်တော်/၏/ရာဇပလ္လင်/သည် ထာဝရ/တည်တံ့၏။

ကိုယ်တော်/၏/နိုင်ငံတော်/သည် တရားမျှတမှု/ဖြင့် အုပ်စိုးသော/နိုင်ငံ ဖြစ်ပါ၏။

ကိုယ်တော်/သည် ဖြောင့်မတ်ခြင်း/ကို နှစ်သက်/ပြီး တရားမဲ့ခြင်း/ကို မုန်းတော်မူ၏။

ထို့ကြောင့် ကိုယ်တော်/၏ ဘုရားသခင်/တည်းဟူသော ဘုရားသခင်/သည် ကိုယ်တော်/၏ အပေါင်းအဖော်များ/ထက် ကိုယ်တော်/ကို ချီးမြောက်/ကာ

ဝမ်းမြောက်ခြင်း/ဆီ/သွန်းလောင်း/၍ ခန့်ထားတော်မူသည်”5

ဟု မိန့်တော်မူ၏။ ထို့ပြင် ဘုရားသခင်/သည် မိမိ/သားတော်/အား

“ထာဝရဘုရား… ကိုယ်တော်/သည် အစအဦး/၌ မြေကြီး/ကို တည်/၍

ကိုယ်တော်/၏ လက်တော်/ဖြင့် ကောင်းကင်/ကို ဖန်ဆင်းတော်မူ၏။

ကောင်းကင်/နှင့်/မြေကြီး ပျက်စီးသွားမည် ဖြစ်/သော်လည်း ကိုယ်တော်/သည် ထာဝရ/တည်တော်မူ/လိမ့်မည်။

ကောင်းကင်/နှင့်/မြေကြီး/သည် အဝတ်/ကဲ့သို့ ဟောင်းနွမ်းသွား/လိမ့်မည်။

ကိုယ်တော်/သည် ကောင်းကင်/နှင့် မြေကြီး/ကို ဝတ်ရုံ/သဖွယ်/ခေါက်တော်မူ/သဖြင့်

၎င်းတို့/သည် အဝတ်လဲ/သကဲ့သို့ ပြောင်းလဲ/လိမ့်မည်။

သို့ရာတွင် ကိုယ်တော်/သည် ပြောင်းလဲတော်မမူ။

ကိုယ်တော်/၏ အသက်တော်/သည်/လည်း ကုန်ဆုံးတော်မမူ”

ဟု မိန့်တော်မူ၏။ ဘုရားသခင်/သည် မည်သည့်/ကောင်းကင်တမန်/ကို/မျှ

“သင်/၏/ရန်သူတို့/ကို

သင်/၏/ခြေတင်ခုံ/မဖြစ်စေမီ/အထိ

ငါ/၏ လက်ယာဘက်/၌ ထိုင်လော့”6

ဟု မိန့်တော်မမူခဲ့ပေ။ သို့ဖြစ်လျှင် ကောင်းကင်တမန်များ/သည် ကယ်တင်ခြင်း/အမွေခံမည့်/သူများ/ကို အစေခံ/ရန် ဘုရားသခင်/စေလွှတ်တော်မူသော အစေခံ/ဝိညာဉ်များ ဖြစ်ကြသည်/မဟုတ်လော။

Source notes (6)
  1. Footnote ဆာ ၂:၇။
  2. Footnote ၂ ရာ ၇:၁၄၊ ၅ ရာ ၁၇:၁၃။
  3. Footnote တရား ၃၂:၄၃။
  4. Footnote ဆာ ၁၀၄:၄။
  5. Footnote ဆာ ၄၅:၆၊ ၇။
  6. Footnote ဆာ ၁၁၀:၁။

Biblica® Open Burmese Contemporary Bible. Copyright © Biblica, Inc. Licensed under CC BY-SA 4.0. Source: Open.Bible. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-11-09.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.