Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

ဂလာတိ 6

အချင်းချင်းရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ခြင်း

ငါ့မိတ်ဆွေလို့၊ တစုံတဦးဟ စလို အမားမျိုးတွင် မဆို ဖမ်းဆီးမိပါက၊ ဝိညာဉ်သဘောဆိသော နင်လို့ဟ အေးသူဟို ဖြောင့်မတ်စွာ ထားသင့်ပေမဲ့ နူးညံ့သိမ်မွေ့သော နည်းဖြင့် လုပ်ရမယ်။ အားပင်း စုံစမ်းနှောင့်ယှက်ခြင်းဟို မပြုမယ့်အကျောန်း၊ ကိုယ်တတ်တိုင်း ကျေ့ရှုလော့။ ဝန်ထုပ်ဝန်ပိုးကို အချင်းချင်း ကူညီထမ်းကြလော့ အားပင်း အေးနည်းအားဖြင့် နင်ဟ ခရစ်တော်ရဲ့ ပညတ်တရားဟို နာခံလိမ့်မယ်။1 အယောက်စီတိုင်းဟ ပစာမှမဟုတ်ဘဲလျက် မိမိကိုယ်ကို အရေးပါသူဟု ထင်ရင်၊ သူဟ ကိုယ့်တတ်တိုင်း လှည့်စားအယ်။ တယောက်စီတိုင်း ကိုယ့်အကျင့်စရိုက်ဟို စစ်ဆေးသင့်တယ်။ အဲပင်းရင် နင်တတ်တိုင်း လုပ်ခဲ့တဲ့အတွက် ဂုဏ်ယူနိန်ပင်း သူများလုပ်ထားတာတွေနဲ့ နှိုင်းယှဉ်စရာ လိုဝူး။ အကျောန်းမှာ တယောက်ချင်းစီအတွက် ကိုယ့်ဝန်ကိုယ် ထမ်းရမယ်။

နှုတ်ကပတ်တရားဟို သင်ကြားခံရခြင်းရင်၊ ဆရာ့ဆေမှာ ဆိတဲ့ ကောင်းတာတွေ အားလုံးကို ဝေငှသင့်တယ်။

ကိုယ်တတ်တိုင်း မလှည့်စားနဲ့၊ ဘုရားသခင်ဟို စသူမှ မထီလေးစား မလုပ်ရ။ နင်စိုက်ထားလဲ့အတိုင်း ရိတ်ရလိမ့်မယ်။ ဇာတိပကတိ အလိုဆန္ဒအတိုင်း စိုက်ရင် နင်ဟ သေခြင်းဟို ရိတ်သိမ်းရလိမ့်မယ်။ နင်ဟ ဝိညာဉ်တော်နှိုက် စိုက်ပျိုးရင် နင်ဟ ထာဝရအသက်ဟို ရိတ်သိမ်းရလိမ့်မယ်။ အေးလိုမို့ ကောင်းသောအမှုပြုရန် မငြီးငွေ့ပါနဲ့၊ အကျောန်းမှာ ငါလို့ အရှုံးမပေးရင်၊ ရိတ်ရသော အချိန်ရောက်လိမ့်မယ်။ အေးလိုမို့ ငါလို့အခွင့်ရသလိုမျိုး၊ အားပင်း အထူးသဖြင့် ယုံကြည်ခြင်းနှိုက် ငါလို့ရဲ့ မိသားစုနဲ့ သက်ဆိုင်သူများနဲ့ လူတိုင်းဟို ကောင်းသောအမှုပြုသင့်တယ်။

နောက်ဆုံးသတိပေးခြင်းနဲ့ နှုတ်ဆက်ခြင်း

ငါဟ စလောက်ကြီးမားလဲ့ စာလုံးဟို အခု ငါလက်နဲ့ နင်လို့ဆေ ရေးလိုက်တာဟို ကျေ့လိုက်ပါ၊ ဇာတိပကတိအားဖြင့် လူတွေကို အထင်ကြီးချင်သူတွေဟာ အရေဖျားလှီးဖို့ အတင်းအကြပ် ကြိုးစားနေကြတယ်။ သူလို့ အေးလိုလုပ်ရခြင်းရဲ့ တခုတည်းသော အကျောန်းအရင်းကတော့ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်ကျောန့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ဆှောင်ကြဉ်ဖို့ပဲ ဖြစ်အယ်။ အရေဖျားလှီးခြင်းကို ခံသောသူလို့ပင် ပညတ်တရားကို မနာခံကြ၊ သူလို့ဟ ဟေရုပ်ပိုင်းဆိုင်ရာ အခမ်းအနားဟို တင်သွင်းကျောန်း ဝါကြွားနိန်စေရန် အရေဖျားလှီးခြင်းကို ခံစေလိုအယ်။ ငါအတွက်ကတော့ စလိုဖြစ်ဖြစ်၊ ငါလို့ သခင် ယေရှုခရစ်ရဲ့ လက်ဝါးကပ်တိုင်နှိုက်သာ ငါ ဝါကြွားမယ်။ လက်ဝါးကပ်တိုင်တော်အားဖြင့် ဟေလောကဟ ငါ့အတွက် အသေ ဖြစ်အယ်၊ အားပင်း ငါဟ လောကကြီးအတွက် သေပီ။ အရေဖျားလှီးခြင်းခံရတာ ဖြစ်စေ၊ မခံရတာ ဖြစ်စေ၊ လုံးဝ အရေးမကြီးပါ၊ အသစ်ဖန်ဆင်းခံရခြင်းသာ အရေးကြီးအယ်။ ဟေနည်းဥပဒေကို လိုက်နာသူတိုင်း ဘုရားသခင်ရဲ့ လူမျိုးတော်လို့နှိုက် ငြိမ်သက်ခြင်းနဲ့ ကရုဏာဟ ဆိပါစေ။

နိဂုံးချုပ်ရမယ်ဆိုရင် စသူမျှ ငါ့ကို ဒုက္ခမပေးစေနဲ့။ ပစာကို့ ငါ့ကိုယ်ခန္ဓာပေါ်ဆိ အမာရွတ်များက ငါဟ ယေရှုရဲ့ ကျွန်ဖြစ်တာကို ပြအယ်။

ငါ့မိတ်ဆွေလို့၊ ငါလို့ သခင် ယေရှုခရစ်ရဲ့ ကျေးဇူးတော်ဟ နင်လို့ရဲ့ စိတ်နေလုံးနှိုက်အတူ ဆိပါစေ။ အာမင်။

Source notes (1)
  1. Footnote နာခံလိမ့်မယ်၊ တချို့ လက်ရေးမူကျမ်းများတွင် နာခံခြင်း၊ ဟူယွေ့ ပါဆိအယ်။

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.