Skip to content
BibleKenya

ဟေ​ဗြဲ

Hebrews

Introduction from this edition

ဟေ​ဗြဲ​သြ​ဝါ​ဒ​စာ

နိ​ဒါန်း

ဟေ​ဗြဲ​သြ​ဝါ​ဒ​စာ​သည်​တိုက်​ခိုက်​ထိုး​နှက်​မှု ကြီး​မား​လာ​သ​ဖြင့်​ခ​ရစ်​ယာန်​ဘာ​သာ​ကို​စွန့် လွှတ်​ခါ​နီး​အ​ခြေ​အ​နေ​သို့​ရောက်​ရှိ​နေ​သည့် ခ​ရစ်​ယာန်​လူ​တစ်​စု​ထံ​သို့​ရေး​သား​သည့်​စာ ဖြစ်​၏။ စာ​ရေး​သူ​သည်​ယင်း​စာ​တွင်​ယေ​ရှု​ခ​ရစ် သည်​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​အ​ပြီး အ​ပိုင်​မှန်​ကန်​စွာ​ဖော်​ပြ​တော်​မူ​ကြောင်း​ကို အ​ဋ္ဌိ​က​အား​ဖြင့်​တင်​ပြ​လျက်​ထို​လူ​စု​ကို အား​ပေး​သည်။ ယင်း​သို့​တင်​ပြ​ရာ​တွင်​သစ္စာ တ​ရား​သုံး​ပါး​ကို​အ​လေး​ပေး​၍​တင်​ပြ​ပေ သည်။ ယင်း​တို့​မှာ (၁) သ​ခင်​ယေ​ရှု​သည်​ဒုက္ခ ဝေ​ဒ​နာ​ခံ​တော်​မူ​ခြင်း​အား​ဖြင့်​ခ​မည်း တော်​ဘု​ရား​၏​စ​ကား​ကို​အ​မှန်​တ​ကယ် နား​ထောင်​တော်​မူ​သော​ထာ​ဝ​ရ​သား​တော် ဖြစ်​ကြောင်း။ ဘု​ရား​သ​ခင်​၏​သား​တော်​အ​ဖြစ် ကိုယ်​တော်​သည်​ဋ္ဌမ္မ​ဟောင်း​ကျမ်း​ရှိ​ပ​ရော​ဖက် များ၊ ကောင်း​ကင်​တ​မန်​များ​နှင့်​မော​ရှေ​ထက် သာ​၍​ကြီး​မြတ်​တော်​မူ​ကြောင်း (၂) သ​ခင်​ယေ​ရှု သည်​ဋ္ဌမ္မ​ဟောင်း​ကျမ်း​ရှိ​ယဇ်​ပု​ရော​ဟိတ်​များ ထက်​သာ​၍​ကြီး​မြတ်​သည့်​ထာ​ဝ​ရ​ယဇ်​ပု ရော​ဟိတ်​ဖြစ်​တော်​မူ​ကြောင်း (၃) ယုံ​ကြည်​သူ တို့​သည်​သ​ခင်​ယေ​ရှု​အား​ဖြင့်​အ​ပြစ်​ဒု​စ​ရိုက်၊ ကြောက်​စိတ်​နှင့်​သေ​ခြင်း​တ​ရား​တို့​မှ​လွတ် မြောက်​ခွင့်​ကို​ရ​ရှိ​ကြ​ကြောင်း၊ ယု​ဒ​ဘာ​သာ ကိုး​ကွယ်​မှု​ဆိုင်​ရာ​ထုံး​နည်း​များ​နှင့်​ပူ​ဇော် သော​ယဇ်​ကောင်​များ​သည်​ကယ်​တင်​ခြင်း​တ​ရား ကို​ထောက်​ပြ​ရုံ​သာ​ထောက်​ပြ​နိုင်​ကြောင်း၊ သို့ ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ယဇ်​ပု​ရော​ဟိတ် မင်း​အ​ဖြစ်​ကယ်​တင်​ခြင်း​တ​ရား​အ​စစ် အ​မှန်​ကို​ပေး​ပိုင်​သော​အ​ရှင်​ဖြစ်​တော်​မူ ကြောင်း​ဖော်​ပြ​ထား​သည်။

စာ​ရေး​သူ​သည်​ဣ​သ​ရေ​လ​သ​မိုင်း​တွင်​ထင်​ပေါ် ကျော်​စော​သော​ပ္ဂိုလ်​အ​ချို့​တို့​က​ဘု​ရား​သ​ခင် အား​ယုံ​ကြည်​ပုံ​ကို​ဥ​ပ​မာ​ပေး​၍ (အ​ခန်း ၁၁) စာ​ဖတ်​သူ​တို့​သည်​ကိုယ်​တော်​အား​ဆက်​လက် သစ္စာ​ရှိ​ကြ​ရန်၊ (အ​ခန်း၁၂) တွင်​သ​ခင်​ယေ​ရှု​အား မျက်​ခြေ​မ​ပြတ်​စေ​ဘဲ​ဆက်​လက်​၍​အ​ဆုံး တိုင်​အောင်​သစ္စာ​ရှိ​ကြ​ရန်​နှင့်​မိ​မိ​တို့​ကြုံ​တွေ့ ရ​မည့်​ဆင်း​ရဲ​ဒုက္ခ​များ​နှင့်​ညှဉ်း​ပန်း​နှိပ်​စက် ခြင်း​များ​ကို​ခံ​နိုင်​ရည်​ရှိ​ကြ​ရန်​တိုက်​တွန်း ထား​၏။ ထို့​နောက်​အ​ကြံ​ပေး​စ​ကား​များ သ​တိ​ပေး​စ​ကား​များ​နှင့်​နိ​ဂုံး​ချုပ်​လေ​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

နိ​ဒါန်း၊ ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​အ​ပြီး အ​ပိုင်​ဖော်​ပြ​တော်​မူ​သော​ခ​ရစ်​တော်

ခ​ရစ်​တော်​သည်​ကောင်း​ကင်​တ​မန်​များ​ထက်​သာ​၍ ကြီး​မြတ်​တော်​မူ​ခြင်း

ခ​ရစ်​တော်​သည်​မော​ရှေ​နှင့်​ယော​ရှု​တို့​ထက်​သာ​၍ ကြီး​မြတ်​တော်​မူ​ခြင်း

ခ​ရစ်​တော်​သည်​သာ​၍​ကြီး​မြတ်​သည့် ယဇ်​ပု​ရော​ဟိတ်​ဖြစ်​တော်​မူ​ခြင်း

ခ​ရစ်​တော်​၏​ပ​ဋိ​ညာဉ်​တော်​သည်​သာ​၍ ကြီး​မြတ်​ခြင်း

ခ​ရစ်​တော်​ပူ​ဇော်​သည့်​ယဇ်​သည်​သာ​၍ ကြီး​မြတ်​ခြင်း

ယုံ​ကြည်​ခြင်း​သည်​အ​ဋ္ဌိ​က​ဖြစ်​ခြင်း

နောက်​ဆုံး​တိုက်​တွန်း​နှိုး​ဆော်​ချက်​များ နှင့်​နိ​ဂုံး

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.