Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

ယောဟန် 21

အသျှင်ယေသျှုက တပည့်တော်ခုနစ်ပါးကို ကိုယ်ထင်ပြခြင်း

ထိုသို့ ဖြစ်ပျက်ပြီးနောက် ယေသျှုသည် တပည့်တော်တိအား တိဗေရိအိုင်တွင် နောက်တဖန် ကိုယ်ထင်ပြတော်မူခ၏။ ပြတော်မူသည်မှာ ဤသို့ဖြစ်၏။ သျှိမုန်ပေတရုနှင့် အမြွှာပူးဟု ခေါ်သည့် သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သားများနှင့် အခြားသော ယေသျှု၏တပည့်တော်နှစ်ယောက်သည်လည်း အတူတကွ ဟိနိန်ကြ၏။ 1သျှိမုန်ပေတရုက “အကျွန် ငါးဖမ်း လားဖို့ယာ” ဟု ပြောသောအခါ၊

တခြားလူတိက “သင်နှင့်အတူ အကျွန်ရို့လည်း လိုက်ပါဖို့” ဟု ဆို၍ သူရို့သည် လောင်းတစ်စီးဖြင့် ထွက်လာကြ၏။ သို့ရာတွင် သူရို့သည် ထိုညတွင် ဇာတစ်ခုမျှ မရကြပေ။ မိုးလင်းလာသောအခါ ယေသျှုသည် ရီကမ်းစပ်နားတွင် ရပ်နိန်တော်မူ၏။ သို့သော်လည်း တပည့်တော်တိက ယေသျှုဖြစ်သည်ကို မသိကြ။ ထိုအခါ ကိုယ်တော်က “မိတ်ဆွီရို့ ငါး မရကြသလော” ဟု သူရို့အား မိန်း၏။

“တစ်ခုလည်း မရပါ” ဟု သူရို့က ပြန်ပြောကြ၏။ 2

ကိုယ်တော်က “သင်ရို့၏ပိုက်ကို လောင်း၏ညာဖက်မှာ ချကြလော့၊ ငါးတိ ရလာလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း သူရို့သည် ပိုက်ကို ချကြသောအခါ များစွာသော ငါးတိကို ဖမ်းမိသောကြောင့် ပိုက်ကိုပင် ဆွဲ၍ မတင်နိုင်ကြပေ။

ယေသျှု ချစ်သောတပည့်တော်က “သခင်ဘုရား ဖြစ်ပေ၏” ဟု ပေတရုအား ပြောလေ၏။ “သခင်ဘုရား ဖြစ်ပေ၏” ဟူသောစကား သျှိမုန်ပေတရုသည် ကြားလျှင်ကြားချင်း အဝတ်မဝတ်ဘဲ၊ အပြင်အင်္ကျီကို မိမိကိုယ်၌ ပတ်စည်းကာ ရီထဲသို့ ခုန်ဆင်းလေ၏။ အခြားသော တပည့်တော်ရို့သည် ငါးများနှင့် ပြည့်နိန်သော ပိုက်ကို လက်လံငါးဆယ်လောက် ကွာဝီးသည့်နီရာက လောင်းဖြင့် ဆွဲ၍ ကမ်းခြီသို့ လာကြ၏။ သူရို့သည် ကမ်းခြီသို့ ရောက်ကြသောအခါ မီးကျီးခဲမီးဖိုကိုလည်းကောင်း၊ ကင်ထားသော ငါးများကိုလည်းကောင်း၊ မုန့်တချို့ကိုလည်းကောင်း တွိ့ကြလေ၏။ ယေသျှုကလည်း “သင်ရို့ အဂု ဖမ်းမိသော ငါးတချို့ကို ယူခကြလော့” ဟု သူရို့အား မိန့်တော်မူ၏။

သျှိမုန်ပေတရုသည် လောင်းထက်သို့ ပြန်၍ တက်ပြီးလျှင် ငါးကြီး ၁၅၃ ကောင်နှင့် ပြည့်နိန်သည့် ပိုက်ကွန်ကို ကုန်းထက်သို့ ဆွဲတင်လာ၏။ ငါးများသော်လည်း ပိုက်ကွန်သည် စုတ်ပြဲခြင်းမဟိပေ။ ယေသျှုက “လာ၍ စားကြလော့” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။ တပည့်တော်တိကလည်း သခင်ဘုရား ဖြစ်တော်မူကြောင်းကို သိကြသောကြောင့် “သင်ကား ဇာသူဖြစ်သနည်း” ဟု မည်သူမျှ မမိန်းဝံ့ကြပေ။ ယေသျှုသည်လာ၍ မုန့်ကို ယူပြီးလျှင် တပည့်တော်တိကို ပီးတော်မူ၏။ ထိုနည်းတူ ငါးကိုလည်း ပီးတော်မူ၏။

ဤကား ယေသျှုသည် သီခြင်းက ထမြောက်ပြီးနောက် တပည့်တော်တိအား သုံးကြိမ်မြောက် ကိုယ်ထင်ပြတော်မူခြင်းဖြစ်၏။

ယေသျှုနှင့် ပေတရု

သူရို့သည် စားပြီးကြသောအခါ ယေသျှုက သျှိမုန်ပေတရုအား “ယောဟန်၏သား သျှိမုန် သင်သည် ဤအရာတိထက် ငါ့ကို ပို၍ ချစ်သလော” ဟု မိန်းသော်၊

“ချစ်ပါ၏ အသျှင်၊ အကျွန်သည် ကိုယ်တော့်အား ချစ်သည်ကို ကိုယ်တော်သိပါ၏” ဟု ပြောလေ၏။

ယေသျှုက “ငါ၏သိုးငယ်တိကို စောင့်ရှောက်လော့” ဟု သျှိမုန်ပေတရုအား မိန့်မှာတော်မူ၏။ တဖန် ယေသျှုက “ယောဟန်၏သား သျှိမုန် သင်သည် ငါ့ကို ချစ်သလော” ဟု ဒုတိယအကြိမ် မိန်းတော်မူပြန်၏။

သျှိမုန်ပေတရုက “ချစ်ပါ၏ အသျှင်၊ အကျွန်သည် ကိုယ်တော့်အား ချစ်သည်ကို ကိုယ်တော်သိပါ၏” ဟု လျှောက်သော်၊ ယေသျှုက “ငါ့ သိုးတိကို စောင့်ရှောက်လော့” ဟု သျှိမုန်ပေတရုအား မိန့်မှာတော်မူ၏။

ယေသျှုက “ယောဟန်သား သျှိမုန် သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မိန်းတော်မူပြန်၏။

ယေသျှုက “သင်သည် ငါ့ကို ချစ်သလော” ဟု သူ့အား သုံးကြိမ် သုံးလီ မိန်းလာသောကြောင့် ပေတရုသည် ဝမ်းနည်းလာ၏။ ထို့ကြောင့် သူသည် ကိုယ်တော့်ကို “အသျှင်၊ ကိုယ်တော်သည် အလုံးစုံကို သိတော်မူ၏၊ ကိုယ်တော့်ကို အကျွန် ချစ်သည်ကို ကိုယ်တော်သိပါ၏” ဟု လျှောက်လေ၏။

ယေသျှုက “ငါ၏ သိုးတိကို စောင့်ရှောက်လော့။ ငါအမှန် ဆိုသည်ကား၊ သင်သည် အသက်အရွယ် နုပျိုသောအခါ သင်၏ ခါးပတ်ကို ပတ်စည်း၍ သင်လားချင်သော အရပ်ကို လားနိုင်သော်လည်း အသက်အရွယ် ကြီးလာသောအခါ သင်၏ လက်နှစ်ဖက်ကို ဆန့်၍ လူတချို့က သင့်ကို ပတ်စည်းပြီးလျှင် သင် မလားချင်သောအရပ်သို့ ပို့ဆောင်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။ ဤကား ပေတရုသည် မည်သို့ သီရမည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဘုန်းတော်ကို မည်သို့ ထင်ရှားလိမ့်မည်ကိုလည်းကောင်း မိန့်တော်မူခြင်းဖြစ်၏။ ထို့နောက် ယေသျှုက ပေတရုအား “ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။

ယေသျှုနှင့် အခြားတပည့်တော်

3

ပေတရုသည် နောက်ကို လှည့်၍ ကြည့်လိုက်သောအခါ ယေသျှု ချစ်သော တပည့်တော်သည် သူရို့ နောက်မှ လိုက်လာသည်ကို မြင်လေ၏။ ထိုသူသည် တစ်ချိန်က ညစာ စားကြသောအခါ သခင်ဘုရား၌ မှီလျက် “သခင်ဘုရားကို ဇာသူက သစ္စာဖောက်လိမ့်မည်နည်း” ဟု မိန်းသော တပည့်တော်ဖြစ်၏။ ပေတရုက သူ့ကို မြင်သောအခါ “အသျှင်ဘုရား၊ ဤသူကား ဇာပိုင် ဖြစ်လိမ့်မည်နည်း” ဟု ယေသျှုအား မိန်းလျှောက်၏။

ယေသျှုက “ငါ ကြွလာသည့်တိုင်အောင် သူ့ကို အသက်ရှင်စီခြင်းငှာ ငါ အလိုဟိလျှင် သင်နှင့် ဇာဆိုင်လဲ၊ သင်မူကား ငါ့နောက်သို့ လိုက်လော့” ဟု ပေတရုအား မိန့်တော်မူ၏။

ထို့ကြောင့် ဤတပည့်တော်သည် မသီ ဟူသော သတင်းသည် ယေသျှု၏နောက်လိုက်တိပါးသို့ ပြန့်နှံ့လားလေ၏။ သို့သော် ထိုသူ မသီ ဟု ကိုယ်တော်က ပြောခြင်း မဟုတ်ပေ။ “ငါ ကြွလာသည့်တိုင်အောင် သူ့အား အသက်ရှင်စီခြင်းငှာ ငါအလိုဟိလျှင် သင်နှင့် ဇာဆိုင်လဲ” ဟု ကိုယ်တော်က မိန့်တော်မူခခြင်း ဖြစ်၏။

ထိုတပည့်တော်ကား ဤအကြောင်းအရာများကို သက်သီခံ၍ ရီးထားခသောသူ ဖြစ်၏။ သူ၏ သက်သီခံချက် မှန်သည်ကို ငါရို့ သိကြ၏။

နိဂုံးချုပ်

အဂုတွင် ယေသျှုပြုတော်မူခသော အကြောင်းအရာများစွာ ဟိသိမ့်၏။ ဤအကြောင်းအရာ ဟိသမျှကို တစ်ခုပြီးတစ်ခု ရီးသားမည်ဆိုလျှင် စာအုပ်များသည် လောကတစ်ခုလုံး မဆန့်နိုင်အောင် များပြားပေလိမ့်မည်ဟု အကျွန် ထင်မြင်မိပါ၏။

Source notes (3)
  1. Cross-reference လု ၅.၅
  2. Cross-reference လု ၅.၆
  3. Cross-reference ယော ၁၃.၂၅

ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား. Copyright © 2025 The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.