ဓမ္မသစ်ကျမ်း ဓနုဘာသာစကား
တိတု 3
ခရစ်ယာန်ရဲ့ အကျင့်
အုပ်ချုပ်သူများနဲ့ အာဏာပိုင်များဟို နားထောင်လျက် အေးသူလို့ရဲ့ စကားဟို နားထောင်ရန်လည်းကောင်း၊ ကောင်းသောအမှု ဖယ်နည်းလမ်းနဲ့မဆို ပြုလုပ်ဖို့ အဆင်သင့်ဆိရန် ယုံကြည်သူလို့အား သတိပေးလော့။ စသူ့အကျောန်းမှ မကောင်းမပြောဘဲ ငြိမ်းချမ်းစွာနဲ့ ခင်မင်စွာနေကြစေရန် အမြဲတမ်း လူအားလုံးလို့အား နူးညံ့သိမ်မွေ့ခြင်းဟို ပြသပင်း သူလို့အား ပြောကြားလော့။ အကျောန်းမှာ မခင်ဟ ငါလို့ဟလည်း မိုက်မဲသောသူ၊ မနာခံသောသူ၊ မားယွင်းသောသူများဖြစ်ကြပင်း အမျိုးမျိုးသော တပ်မက်ခြင်းနဲ့ ကာမဂုဏ်ခံစားခြင်းလို့နှိုက် ကျွန်ခံယွေ့ မကောင်းမှုနဲ့ မုန်းခြင်းလို့နှိုက် ကျင်လည်ကြကာ မုန်းခြင်းခံရလျက် အချင်းချင်းဟိုလည်း မုန်းလျက်နေကြအယ်။ အဲလိုလဲ ငါလို့ ကယ်တင်ဆှင် ဘုရားသခင်ရဲ့ ကျေးဇူးပြုခြင်းနဲ့ ချစ်ခင်ကြင်နာခြင်းလို့ ပေါ်ထွန်းသောအခါ၊ ကိုယ်တော်ဟ ငါလို့ပြုခဲ့လဲ့ ဖြောင့်မတ်သော အကျင့်အားဖြင့် မဟုတ်ဘဲ မိမိရဲ့ ကရုဏာတော်နဲ့အညီ အသစ်မွေးဖွားခြင်းနဲ့ဆိုင်သော ဆေးကြောခြင်းနဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ အသစ်ပြုပြင်ခြင်းလို့အားဖြင့် ငါလို့ဟို ကယ်တင်အယ်။ ဘုရားသခင်ဟ အေးဝိညာဉ်တော်ဟို ငါလို့ရဲ့ ကယ်တင်ဆှင် ယေရှု ခရစ်တော်အားဖြင့် ငါလို့အပေါ် ကြွယ်ဝစွာ သွန်းလောင်းအယ်။ အေးလို့မို့ ငါလို့ဟ ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်တာ ဟု အသိအမှတ်ပြုခြင်းခံရလျက် ငါလို့ မျော်လင့်လဲ့ ထာဝရအသက်ဟို အမွေခံဖြစ်လာကြမဲ့ အကျောန်းဖြစ်အယ်။ ဟေစကားဟ သစ္စာစကားဖြစ်အယ်။
ဘုရားသခင်ဟို ယုံကြည်သောသူလို့ဟ ကောင်းသောအမှုလို့ဟို ပါဝင်လုပ်ဆောင်ရန် အမြဲ ဂရုစိုက်ကြမဲ့အကျောန်း ငါဟ နင့်ဟို ဟေအရာများအတွက် အခိုင်အမာရပ်တည်စေလိုအယ်။ ဟေအရာများဟ ကောင်းမြတ်ယွေ့ လူလို့အတွက် အကျိုးဆိအယ်။ အဲလိုလဲ မိုက်မဲသော ငြင်းခုန်မှုများ၊ ဆွေစဉ်မျိုးဆက်စာရင်းများ၊ ပဋိပက္ခဖြစ်ခြင်းနဲ့ ပညတ်တရားကျောန့် ရန်ဖြစ်ခြင်းလို့ဟို ဆှောင်ကြလော့။ ပစာကို့ အေးအရာလို့ဟ အကျိုးမဲ့ယွေ့ အလကားကား ဖြစ်ကြအယ်။ ကွဲပြားမှုဟို ဖြစ်စေသောသူဟ တကြိမ်၊ နေကြိမ် သတိပေးပင်းနောက် သူလို့နဲ့ စလိုမှ ထပ်ပင်းမဆက်ဆံနဲ့။ အေးလို့သောသူဟ ဖောက်ပြန်လွဲမားသောသူဖြစ်ပင်း မိမိမားယွင်းနေကျောန်း သိလျက်နဲ့ အပစ်ပြုနေသူဖြစ်ကျောန်း သိမှတ်လော့။
နောက်ဆုံး ညွှန်ကြားချက်များ
ငါဟ အာတေမ အဲဟာမဟုတ်ရင် တုခိတ်ဟို နင်ဆေဟို စေလွှတ်သောအခါ ငါလို့ဆိရာ နိကောပလိမြို့ဟို လာရန် ကြိုးစားလော့။ ပစာကို့ ဆောင်းတွင်းအတွင်း အေးမြို့နှိုက် နေရန် ငါဆုံးဖြတ်ထားအယ်။ 2ဆေ့နေဖြစ်သူ ဇေနနဲ့ အာပေါလုလို့ဟို ကူညီရန် သူလို့အတွက် လိုလေသေး မဆိရအောန် သေချာစွာ ပို့ဆောင်ပေးလော့။ ငါလို့ရဲ့ လူများဟလည်း အသီးမသီးသောသူ မဖြစ်မဲ့အကျောန်း အရေးတကြီး လိုအပ်သော အရာများအတွက် ကောင်းသောအမှုလို့ဟို ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမယ်။
ငါနဲ့အတူ ဆိသောသူအားလုံးလို့ဟ နင့်ဟို နှုတ်ဆက်ကြအယ်။ ယုံကြည်ခြင်းအားဖြင့် ငါလို့အား ချစ်ခင်သောသူများဟို နှုတ်ဆက်ပေးလော့။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ နင်လို့အားလုံးနဲ့ အတူဆိပါစေသော။
Source notes (2)
- Cross-reference တ ၂၀.၄; ဧ ၆.၂၁,၂၂; ကော ၄.၇,၈; ၂ တိ ၄.၁၂
- Cross-reference တ ၁၈.၂၄; ၁ ကော ၁၆.၁၂
ဓမ္မသစ်ကျမ်း ဓနုဘာသာစကား. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.