Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

ရောမ 12

ဘုရားသခင်ရဲ့ အစေဟို ခံရန် စလို အသက်ဆှင်ရမဲ့အကျောန်း

ညီအကို မောင်နှမလို့၊ ဘုရားသခင်ရဲ့ ကရုဏာအားဖြင့် နင်လို့ဟို ငါ တိုက်တွန်း နှိုးဆော်လိုတာဟ နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ဘုရားသခင် နှစ်သက်လဲ့ သန့်ဆှင်းယွေ့ အသက်ဆှင်သော ယဇ်အဖြစ် ပူဇော်ကြလော့။ ဟေဟာဟ ကိုယ်တော်အား နင်လို့ ပြုအပ်သော စစ်မန်သော ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်အယ်။ နင်လို့ဟ လောကရဲ့ ပုံသဏ္ဌာန်အတိုင်း လိုက်ပင်း မကျင့်ကြနဲ့။ ကောင်းသောအရာ၊ ဘုရားသခင် နှစ်သက်ဖွယ်သောအရာ၊ အပစ်ဆိုဖွယ် မဆိသောအရာ တည်းဟူသော ဘုရားသခင် အလိုဆိသောအရာဟို စလိုအရာဖြစ်တာဟို သိဆိနိန်ရန် စိတ်နေလုံးဟို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန် ပြောင်းလဲခြင်း ဆိကြလော့။

ငါ့အား ပေးသော ကျေးဇူးတော်အားဖြင့် နင်လို့ထဲတွင် ဆိသောသူအားလုံးဟို ငါမှာကြားလိုတာဟ နင်လို့ဟ မိမိတတ်တိုင်း ထင်သင့်တာထက် ပိုပင်း အထင်မကြီးဘဲ နင်လို့အသီးသီးအား ဘုရားသခင် ခွဲဝေပေးသော ယုံကြည်ခြင်း အတိုင်းအတာနဲ့အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။ 1ခန္ဓာကိုယ် တခုတည်းနှိုက် ရမ်းဆာ့သော အစိတ်အပိုင်းများ ဆိတာ ဖြစ်ယွေ့၊ အေးအစိတ်အပိုင်းအားလုံးတွင် အလုပ်တာဝန် အသီးသီးဆိကြအယ်။ အေးနည်းတူ ငါလို့ဟ ရမ်းဆာ့များသော်လည်း ခရစ်တော်နဲ့ တလုံးတဝတည်း ဖြစ်ကြသဖြင့် ခန္ဓာကိုယ် တခုတည်းနှိုက် တည်ဆိကြအယ်၊ ငါလို့ အသီးသီးဟ အချင်းချင်း ဆက်စပ်လျက် ဆိသော ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်ကြအယ်။ 2ငါလို့ တဦးစီအား ပေးသော ကျေးဇူးတော်အရ ငါလို့တွင် ကွဲပြားသော ဆုကျေးဇူးများ ဆိကြအယ်။ နင်လို့ရဲ့ ဆုကျေးဇူးဟ ပရောဖက်ပြုခြင်း ဖြစ်ရင် နင်ရဲ့ ယုံကြည်ခြင်းနဲ့အညီ ပရောဖက်ပြုကြလော့။ အစေခံသောသူဖြစ်ရင် အစေခံခြင်းအမှုဟို လုပ်လော့၊ သင်ကြားပေးသောသူဖြစ်ရင် သင်ကြားခြင်းအမှုဟို လုပ်လော့။ ခွန်အားပေးသောသူဖြစ်ရင် အေးခွန်အားပေးခြင်း အမှုဟို ပေးလော့၊ ပေးကမ်းသူဖြစ်ရင် ရက်ရောစွာ ပေးကမ်းလော့၊ ယိုးသောသူဖြစ်ရင် လုံ့လဝီရိယနဲ့ လုပ်ဆောင်လော့၊ ကရုဏာဟို ပြခြင်းဟို ပြုလုပ်သောသူဖြစ်ရင် ရက်ရောစွာနဲ့ လုပ်လော့။

ချစ်ခြင်းမေတ္တာဟို ဟန်ဆောင်မှုနဲ့ ကင်းစေလော့၊ မကောင်းမှုဟို မုန်းပင်း ကောင်းသောအရာဟို အမြဲစွဲကိုင်ကြလော့။ တယောက်နဲ့ တယောက် ချစ်ခြင်းမေတ္တာနဲ့ တည်နေကြလော့၊ ချီးမြှောက်ခြင်းမှာ သူတပါးဟို ကိုယ့်ထက် ချီးမြှောက်ကြလော့။ မပျင်းဘဲ အလုပ်ဟို ကြိုးစား အားထုတ်ကြလော့။ စိတ်နေလုံး အကြွင်းမဲ့ အဆှင်ရဲ့ အစေဟို ခံပင်း ဝတ်ပြုကြလော့။ မျော်လင့်ချက်နဲ့ ဝမ်းမြောက်ကြလော့၊ ဆင်းရဲဒုက္ခဟို သည်းခံကြလော့၊ ဆုတောင်းခြင်းနှိုက် သစ္စာဆိကြလော့။ သန့်ဆှင်းသူလို့ဟ ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့၊ ဧည့်သည်လို့အား ဧည့်ဝတ်ပြုခြင်းဟို လက်တွေ့ ပြုကြလော့။ 3

နင်လို့ဟို ငြင်းဆဲသောသူလို့အား ဘုရားသခင်ဟ ကောင်းချီးပေးရန် ဆုတောင်းကြလော့၊ ကျိန်ဆဲခြင်းဟို မပြုလုပ်ဘဲ ကောင်းချီးပေးကြလော့။ ဝမ်းမြောက်သော သူလို့နဲ့အတူ ဝမ်းမြောက်ကြလော့၊ ငိုကနေသော သူလို့နဲ့အတူ ငိုကကြလော့။ အချင်းချင်း သဟဇာတဖြစ်အောန် နေထိန်လော့။ မာနမကြီးပါနဲ့၊ အဲလိုလဲ နိမ့်ကျသော သူလို့ဟို အပေါင်းအဖော်လုပ်ရန် ဆန္ဒဆိပါ၊4 ကိုယ့်ကိုယ်ကို ပညာဆိအယ်လို့ မထင်ပါနဲ့။

တစုံတယောက်ဟ နင့်ဟို မားယွင်းစွာ ပြုမိပါဟ အေးသူအား အမားတခုနဲ့ ပြန်မတုံ့နဲ့။ လူအားလုံးလို့ အမြင်နှိုက် ကောင်းသောအရာဟိုသာ ပြုကျင့်လော့။ ဖြစ်နိန်ရင် နင်လို့ဘက်မှ လူတိုင်းနဲ့ သင့်မြတ်အောန် နေထိန်လော့။ ငါ့ရဲ့ ချစ်လှစွာသော မိတ်ဆွေလို့ ပစာအခါမှ လက်မလျော့ပါနဲ့၊ ဘုရားသခင်ရဲ့ အမျက်တော်ဟို အခွင့်ပေးကြလော့၊ ကျမ်းစာနှိုက် ရေးထားတာဟ “ငါဟ လက်စားချေမယ်၊ ငါ ဆပ်ပေးမယ်” လို့ အဆှင်ဟ ပြောအယ်။ အေးအစား “နင်လို့ရဲ့ ရန်သူဟ ဆာရင် သူ့ဟို ကျွေးလော့၊ သူဟ ယေငတ်ရင် သူ့ဟို သောက်စရာ တခုခုပေးလော့။ အေးလို့ ပြုလုပ်ရင် နင်ဟ သူ့အား အဆှက်ရစေလိမ့်မယ်” ဟု ပြောအယ်။ အဆိုးအားဖြင့် အရှုံးမခံနဲ့၊ ကောင်းလဲ့အရာအားဖြင့် အဆိုးဟို အနိန်ယူလော့။

Source notes (4)
  1. Cross-reference ၁ ကော ၁၂.၁၂
  2. Cross-reference ၁ ကော ၁၂.၄–၁၁
  3. Cross-reference မ ၅.၄၄; လု ၆.၂၈
  4. Footnote နိမ့်ကျသော သူလို့ဟို အပေါင်းအဖော်လုပ်ရန် ဆန္ဒဆိပါ၊ အဲဟာမဟုတ်ရင် နိမ့်ကျသောသူများနဲ့ မိတ်ဖွဲ့ပါ။

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.