Skip to content
BibleKenya

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

ယောဟန် 21

တဘဲ့တော်ခုနေဦးဆေဟို ယေရှု ပေါ်လာခြင်း

အဲပင်းနောက် ယေရှုဟ တိဗေရိအိန်အနီးတွင် တဘဲ့တော်လို့အား တဖန် ကိုယ်ထင်ပြလေအယ်။ အဲသို့သော ဖြစ်ပျက်လဲ့အရာမှာ ရှိမုန် ပေတရု၊ အမြွှာပူးဟု ခေါ်သော သောမ၊ ဂါလိလဲပြေ ကာနမြို့သား နာသနေလ၊ ဇေဗေဒဲရဲ့ သားများနဲ့ အခြား တဘဲ့တော်နေယောက်လို့ဟ အတူဆိနေကြအယ်။ 1ရှိမုန် ပေတရုဟ အခြားသူလို့အား “ငါ ငါးဖမ်းထွက်မယ်” ဟု ဆိုအယ်။

အဲသူလို့ဟ သူ့အား “ငါလို့လည်း လိုက်မယ်” ဟု ဆိုအယ်။ အဲလိုမို့ သူလို့ဟ ထွက်သွားယွေ့ လှေပေါ်ဟို တက်ကြအယ်၊ အဲလိုလဲ အေးညနှိုက် ငါးတကောင်မျှ မမိကြ။ မနက်စောစောနှိုက် ယေရှုဟ ကမ်းနားမှာ ရပ်လျက်နေအယ်၊ အဲလိုလဲ ယေရှုဖြစ်ကျောန်းဟို တဘဲ့တော်လို့ဟ မသိကြ။ အဲအခါ ယေရှုဟ သူလို့အား “လူပဲ့လို့၊ နင်လို့ ငါးမိကြသလော” ဟု မေးအယ်။

သူလို့ဟ “မမိပါ” ဟု ပြန်ဖြေအယ်။ 2

ကိုယ်တော်ဟ သူလို့အား “လှေရဲ့ ညာဖက်သို့ ပိုက်ကွန်ဟို လောလော့၊ အဲသို့ပြုရင် နင်လို့ ရကြလိမ့်မယ်” ဟု မိန့်အယ်။ အဲလိုမို့ သူလို့ဟ ပိုက်ကွန်ဟို လောယွေ့ ရမ်းဆာ့များသော ငါးလို့ဟို အုပ်မိသောကျောန့် ပိုက်ကွန်ဟို ဆွဲယွေ့ မရနိန်။

အဲအခါ ယေရှုချစ်သော တဘဲ့တော်ဟ ပေတရုအား ငါလို့ရဲ့ “သခင်ဘုရား ဖြစ်အယ်” ဟု ပြောအယ်။ ရှိမုန် ပေတရု သခင်ဘုရားဖြစ်ကျောန်း ကြားသောအခါ၊ မိမိချွတ်ထားလဲ့ အပေါ်ဝတ်ဟို ခါးတွင် ပတ်ယွေ့ အိန်ထဲဟို ခုန်ဆင်းလေအယ်။ အခြားတဘဲ့တော်လို့ ကမ်းနဲ့ မနီးမဝေး ကိုက်တရာခန့်သာ ကွာယွေ့ ငါးနဲ့ပြေ့နေသော ပိုက်ကွန်ဟို ဆွဲလျက် လှေဖြင့် လာကြအယ်။ သူလို့ဟ လှေပေါ်ဟ ဆင်းယွေ့ ကုန်းပေါ်သို့ ရောက်သောအခါ မီးခဲပုံဟိုလည်းကောင်း၊ ကင်ထားသောငါးနဲ့ မုန့်ဟိုလည်းကောင်း မျော်ကြအယ်။ ယေရှုဟ သူလို့အား “အခု ဖမ်းမိသော ငါးကတစ်ဟို ယူခဲ့ကြလော့” ဟု မိန့်အယ်။

ရှိမုန် ပေတရုဟ လှေပေါ်ဟို တက်ယွေ့ ငါးကြီး ၁၅၃ ကောင်နဲ့ ပြေ့လျက်ဆိသော ပိုက်ကွန်ဟို ကုန်းသို့ ဆွဲတင်လေအယ်၊ ဟေမျှလောက်များသော်လည်း ပိုက်ကွန်ဟ မစုတ်မပြဲ ဆိအယ်။ ယေရှုဟ သူလို့အား “လာယွေ့ စားလော့” ဟု မိန့်အယ်။ တဘဲ့တော်လို့ဟ သခင်ဘုရားဖြစ်ကျောန်းဟို သိသောကျောန့် စသူ့မျှ “ကိုယ်တော်ဟ စသူတုန်း” ဟု မမေးရဲကြ။ အဲလိုမို့ ယေရှုဟ လာယွေ့ မုန့်ဟို ယူပင်းရင် သူလို့အား ပေးအယ်၊ ငါးဟိုလည်း အဲတိုင်းတိုင်း ပေးအယ်။

အဲသို့ပြခြင်းမှာ ယေရှုဟ သေခြင်းမှ ထမြောက်ပင်းနောက် တဘဲ့တော်လို့အား သုံးကြိမ်မြောက်သော ကိုယ်ထင်ဆှားပြခြင်း ဖြစ်အယ်။

ယေရှုနဲ့ ပေတရု

သူလို့စားကြပင်းနောက် ယေရှုဟ “ယောဟန်ရဲ့သား ရှိမုန်၊ အဲအခြားသူလို့ ငါ့ဟို ချစ်တာထက် နင်ဟ ငါ့ဟို ပိုယွေ့ ချစ်သလော” ဟု ရှိမုန် ပေတရုအား မေးလေအယ်။

“ဟုတ်အယ် သခင်ဘုရား၊ ကိုယ်တော်အား ငါ ချစ်တာဟို ကိုယ်တော် သိမန့်အယ်” ဟု ပြန်ဖြေအယ်။

ယေရှုဟ “ငါ့သိုးသငယ်လို့ဟို ကျွေးမွေးလော့” ဟု မိန့်အယ်။ ဒုတိယအကြိမ် ယေရှုဟ “ယောဟန်ရဲ့သား ရှိမုန်၊ နင်ဟ ငါ့ဟို ချစ်သလော” ဟု မေးအယ်။

“ဟုတ်အယ် သခင်ဘုရား၊ ကိုယ်တော်အား ငါ ချစ်တာဟို ကိုယ်တော် သိမန့်အယ်” ဟု ပြန်ဖြေအယ်။

ယေရှုဟ “ငါ့သိုးလို့ဟို စောင့်ဆှောက်လော့” ဟု မိန့်အယ်။ ယေရှုဟ “ယောဟန်ရဲ့သား ရှိမုန်၊ နင်ဟ ငါ့ဟို ချစ်သလော” ဟု တတိယအကြိမ် မေးအယ်။

ပေတရုဟ ဝမ်းနည်းသောကျောန့် “သခင်ဘုရား၊ ကိုယ်တော်ဟ အရာခပ်သိမ်းဟို သိအယ်၊ ကိုယ်တော်အား ငါ ချစ်တာဟို ကိုယ်တော် သိမန့်အယ်” ဟု ပြောအယ်။

ယေရှုဟ သူ့အား ဆိုအယ် “ငါ့သိုးလို့ဟို ထိန်းလော့။ နင်လို့အား ငါ အမန်ဆိုအယ်၊ နင်ဟ ငယ်ခါဟ ဝတ်ချင်ရာဝတ်ပင်း သွားချင်ရာသို့ သွားတတ်အယ်၊ အဲလိုလဲ နင်ဟ အိုလာသောအခါ နင်ရဲ့လက်နေဖက်ဟို ဆန့်လျက် သူတပါးဟ နင့်ဟို တုတ်ချေပင်း နင်မသွားလိုလဲ့အရပ်ဟို ဆောင်သွားလိမ့်မယ်” ဟု မိန့်လေအယ်။ (ဟေသို့မိန့်ရာနှိုက် ပေတရုဟ စလို သေခြင်းအားဖြင့် ဘုရားသခင်ရဲ့ ဘုန်းအသရေဟို ထွန်းတောက်စေမဲ့အကျောန်း ဖော်ပြခြင်း ဖြစ်အယ်။) အဲသို့ မိန့်ပင်းမှ “ငါ့နောက်ဟို လိုက်လော့” ဟု မိန့်အယ်။

ယေရှုနဲ့ အခြားတဘဲ့တော်

3

ပေတရုဟ လှည့်ယွေ့ ကျေ့လိုက်သောအခါ သူရဲ့နောက်တွင် ယေရှုချစ်သော အခြားတဘဲ့တော်ဟို မျော်လေအယ်။ အဲသူဟ ညစာစားစဉ် ယေရှုရဲ့ ရင်တော်ဟို မှီလျက် “သခင်ဘုရား၊ ကိုယ်တော်အား သစ္စာဖောက်မဲ့သူဟ စသူတုန်း” ဟု မေးဆှောက်ခဲ့သူ ဖြစ်အယ်။ ပေတရုဟ အေးသူဟို မျော်သောအခါ “သခင်ဘုရား၊ ဟေသူဟ စလို ဖြစ်မှာတုန်း” ဟု မေးဆှောက်အယ်။

ယေရှုဟ “ငါ ကြွလာလဲ့တိုင်အောန် သူ့အား အသက်ဆှင်စေရန် ငါအလိုဆိရင် နင်နဲ့ စလိုဆိုင်တုန်း၊ နင်ဟ ငါ့နောက်ဟို လိုက်လော့” ဟု မိန့်အယ်။

အဲလိုမို့ ယေရှုရဲ့ နောက်လိုက်တဘဲ့တော်လို့ဟ သေရတော့မှာ မဟုတ်ဟု တဘဲ့တော်လို့ အထဲတွင် ပျံ့နှံ့သွားအယ်။ အဲလိုလဲ ယေရှုဟ အဲသူဟ မသေရဟု မိန့်တာ မဟုတ်။ “ငါ ကြွလာလဲ့တိုင်အောန် သူ့အား အသက်ဆှင်စေရန် ငါအလိုဆိရင် နင်လို့နဲ့ စလိုဆိုင်တုန်း” ဟု မိန့်ခြင်း ဖြစ်အယ်။

ဟေအကျောန်းရာလို့ဟို သက်သေခံယွေ့ ရေးသားထားသူမှာ အေးတဘဲ့တော်ပင် ဖြစ်အယ်။ သူရဲ့ သက်သေခံချက် မန်ကျောန်းဟိုလည်း ငါလို့ သိကြအယ်။

နိဂုံး

အခု ယေရှု ပြုသော အခြားအမှုရာများစွာ ဆိသေးအယ်။ အဲအမှုရာလို့ဟို တခုချင်းရေးထားရင် ဟေလောကနှိုက်ပင် အဲရေးထားသော ပအုပ်များ ဆန့်မှာ မဟုတ်ဟု ငါ ထင်မှတ်အယ်။

Source notes (3)
  1. Cross-reference လု ၅.၅
  2. Cross-reference လု ၅.၆
  3. Cross-reference ယော ၁၃.၂၅

ဓမ္မသစ်ကျမ်း ဓနုဘာသာစကား. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.