ဓမ္မသစ်ကျမ်း ဓနုဘာသာစကား
၁ ပေတရု 4
အသက်တာများ ပြောင်းလဲခြင်း
ခရစ်တော်ဟ ကိုယ်ခန္ဓာနှိုက် အေးလို့ ဆင်းရဲဒုက္ခခံစားရတာ ဖြစ်ယွေ့ နင်လို့ဟလည်း အေးလို့သော သဘောထားမျိုးဟို လက်နက်အဖြစ် စွဲကိုင်ကြလော့။ ပစာကို့ ကိုယ်ကာယတွင် ဆင်းရဲဒုက္ခခံစားရသောသူဟ အပစ်နဲ့ ပြတ်စဲပီ ဖြစ်အယ်။ အေးဟာဟ လောကတွင် အသက်ဆှင်ရမဲ့ ကျန်ဆိသေးသော အချိန်ကာလဟို လူလို့ရဲ့ တပ်မက်ခြင်းအားဖြင့် မဟုတ်တော့ဘဲ ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် အသက်ဆှင်နိန်ရန် ဖြစ်အယ်။ အကျောန်းမှာ လူမျိုးခြားလို့ရဲ့ ဆန္ဒအတိုင်းပြုလျက် ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယဇ်ခြင်း၊ အပျော်လွန်ကျုးခြင်း၊ သောက်စားခြင်းနဲ့ ပညတ်တရားဟ တားမြစ်ထားလဲ့ ရုပ်တုကိုးကွယ်ခြင်းလို့တွင် ကျင်လည်ခဲ့လဲ့ လွန်ခဲ့သောအချိန်ဟ နင်လို့အတွက် လောက်ပေအယ်။ အခုမှာ နင်လို့ဟ အေးလိုမျိုးသော လွန်ကဲလဲ့ အပျော်ကြူးခြင်းနှိုက် သူလို့နဲ့အတူ မပါဝင်ကြသောကျောန့် သူလို့ဟ အံ့ဩလျက် စော်ကားပြောဆိုကြအယ်။ အဲလိုလဲ အသက်ဆှင်သောသူနဲ့ သေသောသူလို့ကို တရားစီရင်ရန် အသင့်ဆိသော ဘုရားသခင်အား သူလို့တတ်တိုင်း ဖြေဆှင်းချက်ပေးရမယ်။ အေးအကျောန်းကျောန့် သေသောသူလို့ဟိုလည်း သတင်းကောင်းဟို ဟောပြောလေအယ်။ အေးဟာဟ သူလို့သည် သွေးသားနှိုက် လူသားအနေဖြင့် တရားစီရင်ခြင်းဟို ခံရပေမဲ့လည်း ဝိညာဉ်ဟ ဘုရားသခင်အားဖြင့် အသက်ဆှင်ကြရန် ဖြစ်အယ်။
ဘုရားသခင်ရဲ့ ဆုကျေးဇူးဖြစ်သော ကောင်းသော စီမံခန့်ခွဲသူများ
ခပ်သိမ်းသောအရာလို့ဟ နောက်ဆုံးချိန် နီးကပ်လာပီ။ အေးလိုမို့ ဆုတောင်းခြင်းအမှုဟို လုပ်နိန်ရန် တည်ငြိမ် မန်ကန်သော စိတ်နဲ့ သမ္မာသတိ ဆိကြလော့။ ချစ်ခြင်းမေတ္တာဟ ရမ်းဆာ့သော အပစ်လို့ဟို ဖုံးအုပ်တတ်တာ ဖြစ်ယွေ့ ခပ်သိမ်းသော အရာလို့ထက် အချင်းချင်းကြားနှိုက် ခိုင်မြဲစွာ ချစ်ခြင်းမေတ္တာနဲ့ ချစ်ကြလော့။ ညည်းညူခြင်း မဆိဘဲ အချင်းချင်း ဧည့်ဝတ်ကျေပွန်ကြလော့။ နင်လို့ တဦးစီဟ မိမိခံစားရဆိလဲ့ ဆုကျေးဇူးအလျောက် ဘုရားသခင်ရဲ့ အမျိုးမျိုးသော ကျေးဇူးတော်နဲ့ဆိုင်လဲ့ ကောင်းသော ဘဏ္ဍာစိုးများလိုမျိုး အေးဆုကျေးဇူးအားဖြင့် အချင်းချင်း ကူညီဆောင်ရွက် ပေးကြလော့။ ဟောပြောသောသူဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း ဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူဟ ဘုရားသခင် ပြင်ဆင်ပေးသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ အေးစာဟ ဘုရားသခင်သည် အရာအားလုံးနဲ့ ယေရှု ခရစ်တော်အားဖြင့် ဘုန်းတော်ထင်ဆှားမဲ့အကျောန်း ဖြစ်အယ်။ အေးသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေနဲ့ တန်ခိုးအရှိန်အဝါ ဆိပါစေသော။ အာမင်။
ခရစ်ယာန်လို့ ခံစားရသော ဆင်းရဲဒုက္ခ
ချစ်လှစွာသော မိတ်ဆွေလို့၊ နင်လို့ဟို စစ်ဆေးရန် နင်လို့ဆေ ကျရောက်လာမဲ့ ဆင်းရဲဒုက္ခမီးဟို နင်လို့နှိုက် ထူးဆန်းသောအရာ ဖြစ်ပျက်လာသလိုမျိုး အံ့ဩခြင်း မဆိကြနဲ့။ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခများနှိုက် ပါဝင်ရလဲ့အတွက် ဝမ်းမြောက်ကြလော့။ အေးဟာဟ ခရစ်တော်ရဲ့ ဘုန်းအသရေ ထင်ဆှားသော အချိန်နှိုက် နင်လို့ဟ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မယ်။ နင်လို့ဟ ခရစ်တော်ရဲ့ နာမကျောန့် ကဲ့ရဲ့ပစ်တင်ခြင်း ခံရရင် မင်္ဂလာဆိကြအယ်။ အကျောန်းမှာ ဘုန်းအသရေနဲ့ ပြေ့စုံသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အပေါ်နှိုက် ကိန်းဝပ်အယ်။ နင်လို့တွင် လူသတ်သမားအဖြစ် ဖြစ်စေ၊ သူခိုးအဖြစ် ဖြစ်စေ၊ ဒုစရိုက်ပြုသူအဖြစ် ဖြစ်စေ၊ သူတပါးအမှုနှိုက် ဝင်ရောက်စွက်ဖက်သူအဖြစ် ဖြစ်စေ၊ ဆင်းရဲဒုက္ခခံရမယ့်သူ တစုံတဦးမှ မဆိစေနဲ့။ စလိုဖြစ်ဖြစ် တစုံတယောက်ဟ ခရစ်ယာန်အဖြစ် ဆင်းရဲဒုက္ခခံစားရရင် ဆှက်ကြောက်ခြင်း မဆိစေဘဲ အေးနာမကျောန့် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ချီးမွမ်းပါစေ။
အကျောန်းမှာ တရားစီရင်ခြင်းဟို ဘုရားသခင်ရဲ့ အိုင်တော်မှ အစပြုမဲ့အချိန် ရောက်လေပီ။ အေးလို့ ငါလို့ဆေမှ အစပြုမယ်ဆိုရင် ဘုရားသခင်ရဲ့ ကောင်းမြတ်သော သတင်းဟို နားမထောင်သော သူလို့ရဲ့ အဆုံးဟ စလိုဖြစ်လိမ့်မလုန်း။ ကျမ်းစာနှိုက်
“ဖြောင့်မတ်သောသူအတွက် ခက်ခဲစွာ ကယ်တင်ခြင်း ခံရမယ်ဆိုရင်၊
ဘုရား မကိုးကွယ်သောသူနဲ့ အပစ်သားလို့ဟ စလိုဖြစ်လာ မလုန်း” ဟု ပြောအယ်။
အေးလိုမို့ ဘုရားသခင်ရဲ့ အလိုတော်အရ ဆင်းရဲဒုက္ခ ခံစားရသောသူဟ ကောင်းသောအမှု ပြုလုပ်ရာနှိုက် မိမိလို့ရဲ့ စိတ်ဝိညာဉ်ဟို သစ္စာနဲ့ပြေ့စုံသော ဖန်ဆင်းဆှင်ဆေဟို အပ်နှံထားကြစေ။
ဓမ္မသစ်ကျမ်း ဓနုဘာသာစကား. Copyright © The Word for the World International. Licensed under CC BY-SA 4.0. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · CC BY-SA 4.0 · SourceEdition imported 2026-10-25.