Skip to content
BibleKenya

မြန်မာကျမ်းစာ

ထွက်မြောက် 39

သန့်ရှင်း ရာဌာန၌ အမှုတော်ကို ဆောင် သောအခါ ၊ ဝတ် ရသောအဝတ် ကို၎င်း၊ အာရုန် ဝတ်ဘို့ သန့်ရှင်း သော အဝတ် ကို၎င်း၊ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်နှင့် လုပ် လေ၏။ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော နှင့် ယဇ်ပုရောဟိတ်သင်တိုင်း ကို လုပ်ရာတွင်၊ ရွှေ ကို အပြား ခတ် ၍ ရွှေ ကြိုးကို လှီး ပြီးမှ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော တို့ကို ထူးဆန်း စွာ အပြောက်ထိုးလေ၏။ သိုင်းကြိုး နှစ်ပင်ကို လုပ် ၍ သင်တိုင်းအပေါ်နားချင်းတွဲမိ စေခြင်းငှာ ၊ တဘက် တချက်ကို ဆွဲချုပ် လေ၏။ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ သင်တိုင်း အပေါ် နား၌ ထူးဆန်းသော ရင်စည်း ကိုလည်း သင်တိုင်း ကိုယ်ကဲ့သို့ ရွှေ နှင့်၎င်း၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော တို့နှင့်၎င်း လုပ် လေ၏။ ရှဟံ ကျောက် နှစ်လုံးကို သွေး ၍ တံဆိပ် ပေါ်မှာ အက္ခရာတင် သကဲ့သို့ဣသရေလ အမျိုး ၏ နာမ တို့ကို အက္ခရာတင် ပြီးမှ၊ ရွှေ ကျောက်အိုး ၌ ထည့် လေ၏။ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ကို အောက်မေ့ ဘို့ရာ ၊ ထိုကျောက် နှစ်လုံးကို သင်တိုင်း သိုင်းကြိုး အပေါ် မှာ တပ် လေ၏။ ရွှေနှင့်၎င်း၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော နှင့်၎င်း၊ သင်တိုင်း ကို လုပ် သည်နည်းတူ ၊ ရင်ဖုံး ကို ထူးဆန်း စွာ လုပ် လေ၏။ ရင်ဖုံး နှစ်ထပ်ခေါက် လျက်၊ အလျား တထွာ ၊ အနံ တထွာ ၊ စတုရန်း လေးထောင့်ဖြစ်၏။ ထိုရင်ဖုံး ၌ ကျောက် မြတ်ကို လေး တန်း စီ လေ၏။ ပဌမ အတန်း ကား ကျောက်နီ ၊ ဥဿဖရား ၊ ပတ္တမြား။ ဒုတိယ အတန်း ကား မြ ၊ နီလာ ၊ စိန်။ တတိယ အတန်း ကား ဝှါကိန္တု ၊ မဟူရာ ၊ ဂေါမိတ်။ စတုတ္ထ အတန်း ကား မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ ဖြစ်၍၊ အသီးအသီး တို့ကို ရွှေ အိုး ၌ စီ လေ၏။ ဣသရေလ အမျိုး တဆယ် နှစ် မျိုးရှိသည်အတိုင်း တံဆိပ် ပေါ်မှာ အက္ခရာတင် သကဲ့သို့၊ ထိုကျောက် တို့၌ ထိုတဆယ် နှစ်ပါး သော နာမည် အသီးအသီးတို့ကို တင်လျက် ကျောက်တလုံးလျှင် နာမည် တပါးစီ ပါ၏။ ရင်ဖုံး အပေါ်ထောင့် နှစ် ခု၌ ၊ ရွှေနှစ် ကွင်း ကို၎င်း၊ ရွှေကျောက်အိုး နှစ်လုံးကို၎င်းကျစ် သော ရွှေ ကြိုး နှစ် ပင်ကို၎င်းလုပ် ပြီးမှ ၊ ထိုရွှေ ကွင်း ၌ တပ် ၍ သင်တိုင်း သိုင်းကြိုး အပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲ လေ၏။ တဖန် ရွှေ နှစ် ကွင်း ကို လုပ် ၍ သင်တိုင်း အောက်နား မှာ ရှိသော ရင်ဖုံး အောက်ထောင့် နှစ် ခု၌ တပ် လေ၏။ အခြားသောရွှေ နှစ် ကွင်း ကိုလည်း လုပ် ၍ သင်တိုင်း အရှေ့ ဘက်အောက် နား နှင့် ထူးဆန်းသော ရင်စည်း အပေါ် နားဆက်မှီ ရာတွင် သင်တိုင်းကို တဘက်တချက်၌ တပ် လေ၏။ ရင်ဖုံး ရွှေနှစ်ကွင်း ကို၊ သင်တိုင်း ရွှေနှစ်ကွင်း နှင့် တွဲ၍၊ ပြာ သောကြိုး ဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ရင်ဖုံး သည် ထူးဆန်းသော ရင်စည်း အပေါ်မှာ ဆွဲ ၍ သင်တိုင်း နှင့် မ ကွာ ဘဲ ထိုမှတပါး ၊ ပြာ သောအထည်ကို ရက် ပြီးမှ၊ သင်တိုင်း နှင့်ဆိုင်သော ဝတ်လုံ ကို ထိုအထည်နှင့်သာ လုပ် လေ၏။ ဝတ်လုံ ၌ လည်စွပ်ပါ၍ လည်စွပ် ကို မ စုတ် စေခြင်းငှာ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့ ကွပ်လေ၏။ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချောနှင့်လုပ် သော သလဲ သီးများကို၎င်း၊ ရွှေ စင် ဆည်းလည်း များကို၎င်း၊ ဝတ်လုံ အောက်စွန်းနားပတ်လည် ၌ ၊ သလဲ သီးတလုံး၊ ဆည်းလည်း တလုံးစီခြားလျက် အစဉ်အတိုင်းဆွဲထားသဖြင့်၊ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ အမှုတော်ကို ဆောင် ရသောဝတ်လုံ ကို လုပ် ၍ပြီးလေ၏။ တဖန် ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ရက် သော ပိတ်ချော အင်္ကျီ များကို၎င်း၊ ပိတ်ချော ဗေါင်း ကို၎င်း၊ တင့်တယ်သောပိတ်ချော ဦးထုပ် များကို၎င်း ၊ ပိတ်ချော ပေါင်းဘီ များကို၎င်း ၊ ချယ်လှယ် သော ပိတ်ချော၊ အထည်ပြာ ၊ အထည်မောင်း ၊ အထည်နီ ဖြင့်ပြီး သော ခါးပန်း ကို၎င်းလုပ် လေ၏။ မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သန့်ရှင်း သော သင်းကျစ် ပြားကိုလည်း ရွှေ စင် နှင့်လုပ်၍ တံဆိပ် ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရား အား သန့်ရှင်း ခြင်းဟု အက္ခရာတင် ၍၊ ပြာ သောကြိုး နှင့် ဗေါင်း အပေါ် နား၌ ချည် ထားလေ၏။ ထိုသို့ မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ၍ ပရိသတ်စည်းဝေး ရာ တဲ တော်အလုပ် ရှိသမျှ ကို ပြီးစီး ကြ၏။ ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ တဲ တော်နှင့် အပေါ်တဲ မှစ၍ ၊ ရွှေချောင်း ၊ ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် တည်းဟူသောတဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊ အနီ ဆိုးသော သိုး ရေ အမိုး ၊ တဟာရှ သားရေ အမိုး ၊ ကွယ်ကာ ရာအတွင်းကုလားကာ ကို၎င်း၊ သက်သေခံ ချက်သေတ္တာ နှင့် သူ ၏ထမ်းဘိုး ၊ သူ၏အဖုံး ကို၎င်း၊ စားပွဲ မှစ၍စားပွဲတန်ဆာ နှင့် ရှေ့ တော်မုန့် ကို၎င်း၊ စင်ကြယ် သော မီးခုံ မှစ၍၊ ပြင်ဆင်ရသောမီးခွက် များ၊ မီးခုံ တန်ဆာ ရှိသမျှ နှင့် မီးထွန်း စရာ ဆီ ကို၎င်း၊ ရွှေ ယဇ်ပလ္လင် ၊ လိမ်း ရန်ဆီ ၊ မီးရှို့ရာနံ့သာ ပေါင်းမွှေး ၊ တဲ တော်တံခါး ဝ ကာစရာ ကုလားကာ ကို၎င်း၊ ကြေးဝါ ယဇ် ပလ္လင်၊ ကြေးဝါ ဆန်ခါ ၊ ပလ္လင် ထမ်းဘိုး အစရှိ သော တန်ဆာ ရှိသမျှ ကို၎င်း၊ အင်တုံ နှင့် သူ ၏ခြေထောက် ကို၎င်း၊ ဝင်း ကုလားကာ ၊ ဝင်း တိုင် ၊ ခြေစွပ် ၊ ဝင်း တံခါး ဝကာစရာ ကုလားကာ ကြိုး များ၊ တံသင် များကို၎င်း၊ တဲ တော်အတွင်း၌ အမှုတော်ကို ဆောင် စရာတန်ဆာ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊ သန့်ရှင်း ရာဌာန၌ အမှုတော်ကို ဆောင် သောအခါ ဝတ် ရသောအဝတ် ၊ ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် ဝတ်ဘို့ သန့်ရှင်း သော အဝတ် ၊ သူ ၏သား ဝတ်ရသောအဝတ် ကို၎င်း၊ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ် ပြီးမှမောရှေထံသို့ ဆောင်ခဲ့ကြ၏။ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အလုပ် ရှိသမျှ ကို ပြီးစီးစေခြင်းငှါ၊ လုပ် ကြောင်းကို မောရှေ သိမြင် သောအခါ ၊ သူ တို့ကို ကောင်းကြီး ပေးလေ၏။

မြန်မာကျမ်းစာ. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.