ရောမ
Romans
Introduction from this edition
ရောမ
သြဝါဒစာ
နိဒါန်း
ရှင်ပေါလုသည်ရောမမြို့သို့သွားရောက်ရန် အကြံအစည်ရှိသည်အတိုင်းကြိုတင်ပြင်ဆင် သည့်အနေဖြင့် ရောမသြဝါဒစာကိုရေးသား ခြင်းဖြစ်၏။ သူ၏အကြံအစည်မှာထိုမြို့ရှိ ခရစ်ယာန်များထံတွင် ခေတ္တမျှအမှုတော်ဆောင် ပြီးသူတို့၏အကူအညီဖြင့်စပိန်ပြည်သို့ သွားရောက်သာသနာပြုရန်ဖြစ်၏။ ဤသြဝါဒ စာတွင်သူသည်မိမိနားလည်ခံယူသည့်ခရစ် ယာန်ဘာသာတရားတော်အကြောင်းနှင့် ထို ဘာသာတရားတော်အရခရစ်ယာန်တို့ကျင့် သုံးရမည့်အကြောင်းကိုရှင်းလင်းတင်ပြသည်။ ခရစ်ယာန်တရားတော်နှင့်စပ်လျဉ်း၍ရှင် ပေါလု၏တင်ပြချက်များအနက် ဤကျမ်း စောင်၌တင်ပြချက်သည်အပြည့်အစုံဆုံး ဖြစ်သည်။
ရှင်ပေါလုသည်ရောမမြို့အသင်းတော်ဝင် တို့အားနှုတ်ခွန်းဆက်သကာ ထိုသူတို့ကို သတိရဆုတောင်းကြောင်းပြောကြားပြီး နောက် မိမိရေးသားလိုသောအဋ္ဌိကအကြောင်း အရာကိုဖော်ပြလေသည်။ ယင်းအဋ္ဌိက အကြောင်းအရာမှာဘုရားသခင်သည် ယုံကြည်သူတို့အား မိမိနှင့်မှန်ကန်စွာ ဆက်ဆံစေတော်မူကြောင်းတည်းဟူသော သတင်းကောင်းဖြစ်သည်။ (၁:၁၇)
ထိုနောက်ရှင်ပေါလုသည်အဋ္ဌိကအကြောင်း ကိုအကျယ်တဝင့်တင်ပြသည်။ ယုဒလူမျိုး နှင့်လူမျိုးခြားအပါအဝင်မနုဿလူသား မှန်သမျှသည် အပြစ်ဒုစရိုက်၏အာဏာစက် အောက်တွင်ရှိကြသူများဖြစ်ကြသဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံစေရန် လိုအပ်ကြောင်း၊ ယင်းသို့ဆက်ဆံနိုင်ရန်ယေရှု ခရစ်အားယုံကြည်ရမည်ဖြစ်ကြောင်းတင်ပြ သည်။ ထိုနောက်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံခြင်းကြောင့် ခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်ခြင်းတည်းဟူသောဘဝ သစ်အကြောင်းကိုတင်ပြထား၏။ ယုံကြည် သူသည်ဘုရားသခင်နှင့်ငြိမ်းချမ်းမှုကို ရရှိပြီးဘုရားသခင်၏ဝိညာဉ်တော်သည် ထိုသူအားအပြစ်နှင့်သေခြင်းတရား၏ အာဏာစက်အောက်မှလွတ်မြောက်စေတော် မူသည်။ အခန်း ၅ မှ ၈ တွင်ပညတ်တရားတော် ၏ရည်ရွယ်ချက်အကြောင်းနှင့်ယုံကြည်သူ ၏ဘဝအသက်တာအား ဘုရားသခင်၏ ဝိညာဉ်တော်တန်ခိုးကပြုပြင်ခြင်းအကြောင်း ကိုတင်ပြသည်။ ထိုနောက်မနုဿလူသား တို့အတွက်ဘုရားသခင်၏အကြံအစည် တော်ရှိသဖြင့် ထိုအကြံအစည်တော်တွင် ယုဒလူမျိုးနှင့်လူမျိုးခြားတို့မည်သို့ ပါဝင်ကြောင်းကိုတင်ပြ၏။ သခင်ယေရှု အားယုဒအမျိုးသားတို့ပစ်ပယ်ရခြင်း မှာမနုဿလူသားအပေါင်းတို့သည် ယေရှု ခရစ်အားဖြင့်ဘုရားသခင်၏ကျေးဇူး တော်ကိုခံစားနိုင်ကြစေရန်အတွက်ပင် ဖြစ်ကြောင်း၊ ယုဒအမျိုးသားတို့သည် သခင်ယေရှုကိုအစဉ်အမြဲပစ်ပယ် ကြလိမ့်မည်မဟုတ်ဟုယုံကြည်ကြောင်း အခန်း ၉ မှ ၁၁ တွင်တင်ပြသည်။ နောက်ပိုင်း အခန်းများတွင်ခရစ်ယာန်တို့အဘယ် သို့ပြုမူကျင့်ကြံသင့်ကြောင်း၊ အထူး သဖြင့်သူတစ်ပါးတို့နှင့်ဆက်ဆံရာတွင် အဘယ်သို့မေတ္တာတရားကိုကျင့်သုံးသင့် ကြောင်းတင်ပြသည်။ ယင်းသို့တင်ပြရာ တွင်ဘုရားသခင်၏အမှုတော်ကိုဆောင် ရွက်ခြင်းအကြောင်း၊ မိမိတို့တိုင်းနိုင်ငံ အတွက်နှင့်အချင်းချင်းတို့အတွက်ခရစ် ယာန်တို့ထမ်းဆောင်ရမည့်တာဝန်ဝတ္တရား များအကြောင်း၊ သြတ္တပ္ပစိတ်နှင့်သက်ဆိုင် သည့်ပြဿနာများအကြောင်းတို့ကိုဆွေးနွေး တင်ပြပြီးနောက်နှုတ်ဆက်၍ ဘုရားသခင် အားထောမနာပြုလျက်ဤသြဝါဒစာ ကိုနိဂုံးချုပ်လေသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်းနှင့်အဋ္ဌိကအကြောင်းအရာ ၁:၁-၁၇
ကယ်တင်ခြင်းကိုလူတို့လိုအပ်ပုံ ၁:၁၈-၃:၂၀
ဘုရားသခင်ကယ်တင်တော်မူသည့်နည်း ၃:၂၁-၄:၂၅
ခရစ်တော်အားဖြင့်ရရှိသောဘဝသစ် ၅:၁-၈:၃၉
ဘုရားသခင်၏အကြံအစည်တော်တွင ်
ဣသရေလအမျိုးသားတို့ပါဝင်ခြင်း ၉:၁-၁၁:၃၆
ခရစ်ယာန်တို့၏ပြုမူကျင့်ကြံမှု ၁၂:၁-၁၅:၁၃
နိဂုံးနှင့်နှုတ်ဆက်စကားများ ၁၅:၁၄-၁၆:၂၇
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.