Skip to content
BibleKenya

ဖိ​လိပ္ပိ

Philippians

Introduction from this edition

ဖိ​လိပ္ပိ​သြ​ဝါ​ဒ​စာ

နိ​ဒါန်း

ဖိ​လိပ္ပိ​သြ​ဝါ​ဒ​စာ​သည်​ဥ​ရော​ပ​တိုက်​တွင် ရှင်​ပေါ​လု​အ​ဦး​ဆုံး​တည်​ထောင်​ခဲ့​သည့်​ဖိ​လိပ္ပိ မြို့​အ​သင်း​တော်​သို့ ရှင်​ပေါ​လု​အ​ကျဉ်း​ခံ​နေ စဉ်​အ​ခါ​ရေး​သား​သည့်​စာ​ဖြစ်​သည်။ ဖိ​လိပ္ပိ မြို့​မှာ​ရော​မ​နိုင်​ငံ​လက်​အောက်​ခံ​မာ​ကေ​ဒေါ​နိ ပြည်​တွင်​တည်​ရှိ​သည်။ အ​ခြား​ခ​ရစ်​ယာန်​အ​မှု တော်​ဆောင်​များ​က ရှင်​ပေါ​လု​အား​အ​တိုက် အ​ခံ​ပြု​သော​ကြောင့်​လည်း​ကောင်း၊ ဖိ​လိပ္ပိ အ​သင်း​တော်​တွင်​မှား​ယွင်း​သည့်​အ​ယူ​ဝါ​ဒ များ​ပေါ်​ပေါက်​လျက်​နေ​သော​ကြောင့်​လည်း ကောင်း ဤ​စာ​ကို​ရေး​လိုက်​ခြင်း​ဖြစ်​၏။ သို့ ရာ​တွင်​ဤ​စာ​သည်​တ​မန်​တော်​ကြီး​ရွှင်​လန်း ဝမ်း​မြောက်​၍ ယုံ​ကြည်​စိတ်​ချ​သည့်​စိတ်​ထား ပေါ်​လွင်​လျက်​ရှိ​ပေ​သည်။ ထို​သို့​သော​စိတ်​ထား မျိုး​ရှိ​နိုင်​ခြင်း​မှာ ရှင်​ပေါ​လု​၌​ယေ​ရှု​ခ​ရစ် ကို​ကြီး​မား​သော​ယုံ​ကြည်​ကိုး​စား​မှု​ရှိ သော​ကြောင့်​ပင်​ဖြစ်​သည်။

ဤ​စာ​ကို​ရေး​သား​ရန်​လတ်​တ​လော​ပေါ်​ပေါက် လာ​သည့်​အ​ကြောင်း​မှာ မိ​မိ​ငွေ​လို​နေ​ချိန်​၌ ဖိ​လိပ္ပိ​ခ​ရစ်​ယာန်​တို့​ထောက်​ပံ့​မှု​ပေး​ပို့​၍ လက်​ခံ​ရ​ရှိ​သ​ဖြင့်​ကျေး​ဇူး​တင်​စ​ကား​ပြော ကြား​ရန်​ပင်​ဖြစ်​ပေ​သည်။ မိ​မိ​ကိုယ်​တိုင်​နှင့်​ဖိ​လိပ္ပိ အ​သင်း​တော်​ဝင်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက် နေ​သော်​လည်း စိတ်​ပျက်​အား​လျော့​မှု​မ​ရှိ​ဘဲ ရဲ​ရင့်​တည်​ကြည်​ကြ​ရ​မည်​ဖြစ်​ကြောင်း​တစ် ဆက်​တည်း​မှာ​ပင်​အား​ပေး​စ​ကား​ပြော​ကြား ၏။ လော​ဘ​နှင့်​မာန်​မာ​န​ကို​ပယ်​ရှား​၍​သ​ခင် ယေ​ရှု​ကဲ့​သို့ စိတ်​နှ​လုံး​နှိမ့်​ချ​ကြ​ရန်​ထို​သူ တို့​ကို​မေတ္တာ​ရပ်​ခံ​သည်။ သူ​တို့​သည်​သ​ခင် ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ပြီး​ဘ​ဝ သစ်​ကို​ခံ​ယူ​ရ​ရှိ​ခြင်း​သည် ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​သက်​သက်​ကြောင့်​ပင်​ဖြစ် ကြောင်း၊ ထို​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​သည် မှာ​လည်း ပ​ညတ်​တ​ရား​ကို​မိ​မိ​တို့​လိုက် လျှောက်​ကျင့်​သုံး​မှု​ကြောင့်​မ​ဟုတ်​ဘဲ ခ​ရစ် တော်​ကို​ယုံ​ကြည်​ခြင်း​ကြောင့်​သာ​ဖြစ်​ကြောင်း သ​တိ​ရ​စေ​သည်။ ခ​ရစ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​သူ​အား​ဝမ်း​မြောက်​ခြင်း နှင့်​ငြိမ်​သက်​ခြင်း​ကို ဘု​ရား​သ​ခင်​ပေး​တော် မူ​ကြောင်း​ကို​ရေး​သား​သည်။

ခ​ရစ်​ယာန်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​နေ့​စဉ် အ​သက်​ရှင်​ခြင်း​၌​ဝမ်း​မြောက်​ခြင်း၊ ယုံ​ကြည် စိတ်​ချ​ခြင်း၊ စည်း​လုံး​ညီ​ညွတ်​ခြင်း​နှင့်​ဇွဲ သတ္တိ​ရှိ​ရ​မည်​ဖြစ်​ကြောင်း​အ​လေး​ပေး​၍ ရေး​သား​သည့်​စာ​ဖြစ်​ပေ​သည်။ ဖိ​လိပ္ပိ​အ​သင်း တော်​အ​ပေါ်​၌​ရှင်​ပေါ​လု​ထား​ရှိ​သော​မေတ္တာ သည် လွန်​စွာ​ကြီး​မား​ပုံ​ကို​ဤ​သြ​ဝါ​ဒ​စာ က​ထင်​ရှား​စွာ​သက်​သေ​ထူ​လျက်​ရှိ​လေ​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

နိ​ဒါန်း

ရှင်​ပေါ​လု​ကိုယ်​တိုင်​ကြုံ​တွေ့​ရ​သည့်​အ​ကြောင်း ခြင်း​ရာ​များ

ခ​ရစ်​တော်​အား​ဖြင့်​ရ​ရှိ​သော​ဘ​ဝ

တိ​မော​သေ​နှင့်​ဧ​ပ​ဖြော​ဒိတ်​တို့​အ​တွက်​စီ​စဉ် ချက်​များ

ရန်​သူ​များ​နှင့်​ဘေး​အန္တ​ရာယ်​များ​ရှိ​ကြောင်း​ကြို​တင် သ​တိ​ပေး​ချက်​များ

ရှင်​ပေါ​လု​နှင့်​ဖိလိပ္ပိ​မြို့​ရှိ​မိတ်​ဆွေ​များ

နိ​ဂုံး

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.