မိက္ခာ
Micah
Introduction from this edition
မိက္ခာအနာဂတ္တိကျမ်း
နိဒါန်း
ပရောဖက်မိက္ခာသည်ဟေရှာယပေါ်ထွန်း ချိန်တွင် တောင်ပိုင်းနိုင်ငံယုဒပြည်ရှိမြို့ တစ်မြို့မှပေါ်ထွန်းသောပရောဖက်ဖြစ် သည်။ ပရောဖက်အာမုတ်ကြိုတင်ဟောပြော သည့်မြောက်ပိုင်းနိုင်ငံတွင်ကျရောက်မည့်ဘေး ဒုက္ခမျိုး ယုဒပြည်၌လည်းတွေ့ကြုံရဦးမည် ဟုယုံသည်။ ဘုရားသခင်သည်ပြည်သား တို့၏စက်ဆုပ်ဖွယ်ကောင်းသောမတရားမှု များကြောင့် သူတို့ကိုဒဏ်ခတ်မည်။ သို့ရာ တွင်မိက္ခာ၏ဟောပြောချက်တွင်အနာဂတ် အတွက် မျှော်မှန်းချက်အလားအလာများ ကိုပိုမိုပြတ်သားစွာဖော်ပြထားသည်။
အထူးမှတ်သားဖွယ်ရာကျမ်းပိုဒ်များ(၄:၁-၄) တွင်ဖော်ပြသောဘုရားသခင်၏အုပ်စိုးမှု အောက်တွင် ငြိမ်းချမ်းသာယာသောကမ္ဘာလောက ၏သရုပ်သဏ္ဌာန်၊ (၅:၂-၄) တွင်ဖော်ပြသောဒါဝိဒ် အမျိုးဆက်ထဲမှထင်ရှားသောဘုရင်တစ်ပါး ပေါ်ထွန်းသောအခါ တိုင်းပြည်သည်ငြိမ်းချမ်း သာယာမည်ဖြစ်ကြောင်းကြိုတင်ဟောပြော ချက်၊``ကိုယ်တော်အလိုရှိသောအရာသည် ကားတရားမျှတစွာပြုကျင့်ခြင်း၊ မေတ္တာ ကရုဏာထားရှိခြင်း၊ စိတ်နှိမ့်ချစွာသင် ၏ဘုရားသခင်နှင့်အတူသွားလာနေ ထိုင်ခြင်းတို့ဖြစ်သတည်း'' ဟူ၍ (၆:၈) ၌ ဣသရေလအမျိုးသားတို့တွင်ပေါ်ထွန်း သောပရောဖက်များ၏ဟောပြောချက် များကိုအချုပ်အားဖြင့်ကျမ်းတစ်ပိုဒ် တည်းဖြင့်ဖော်ပြချက်ပင်ဖြစ်သည်။
အကြောင်းအရာအကျဉ်းချုပ်
ဣသရေလနိုင်ငံနှင့်ယုဒနိုင်ငံတို့ကို အပြစ်ဒဏ်စီရင်ခြင်း ၁:၁-၃:၁၂
ပြန်လည်ပြုပြင်ခြင်းနှင့်ငြိမ်းချမ်း သာယာခြင်း ၄:၁-၅:၁၅
သတိပေးခြင်းနှင့်မျှော်လင့်ခြင်းဆိုင်ရာ ဟောပြောချက် ၆:၁-၇:၂၀
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.