မြည်တမ်းစကား
Lamentations
Introduction from this edition
ယေရမိမြည်တမ်းစကား
နိဒါန်း
ယေရမိမြည်တမ်းစကားသည်ကဗျာငါးပုဒ် ကိုစုဆောင်းထားချက်များဖြစ်သည်။ ခရစ်တော် မပေါ်ထွန်းမီ ၅၈၆ ခုနှစ်တွင်ယေရုရှလင်မြို့ ဖျက်ဆီးခံရခြင်းအကြောင်းနှင့်ဆိုင်၍လည်း ကောင်း၊ နောက်ဆက်တွဲပျက်စီးယိုယွင်းမှုနှင့် ပြည်နှင်ဒဏ်ခံရမှုနှင့်ဆိုင်၍လည်းကောင်း ငိုကြွေးမြည်တမ်းချက်များဖြစ်သည်။ ကျမ်း စောင်တစ်စောင်လုံးလိုလို၌ပင်ဝမ်းနည်းပူ ဆွေးမှုဖော်ပြနေသည့်သဘောလက္ခဏာ ကိုတွေ့ရသော်လည်း ဘုရားသခင်အား ယုံကြည်ကိုးစားခြင်းနှင့်အနာဂတ်အတွက် မျှော်လင့်ချက်ကိုဖော်ပြသည့်သဘောလက္ခ ဏာကိုလည်းတွေ့ရသည်။ ခရစ်တော်မပေါ် ထွန်းမီ ၅၈၆ ခုနှစ်တွင်တွေ့ကြုံရသည့်ဘေး ဒုက္ခအတွက်အထိမ်းအမှတ်ပွဲအဖြစ် ကျင်းပသောအစာရှောင်မှုနှင့်ဝမ်းနည်း ကြေကွဲမှုပြုသည့်နှစ်ပတ်လည်နေ့များ ၌ ဂူး(ယုဒ) လူမျိုးတို့ကိုးကွယ်ဝတ်ပြု ရာတွင်ဤကဗျာများကိုအသုံးပြု လေသည်။
အကြောင်းအရာအကျဉ်းချုပ်
ယေရုရှလင်မြို့ဝမ်းနည်းမှုများ ၁:၁-၂၂
ယေရုရှလင်မြို့အားပြစ်ဒဏ်ခတ်မှု ၂:၁-၂၂
ပြစ်ဒဏ်ခတ်မှုနှင့်မျှော်လင့်ချက် ၃:၁-၆၆
ယေရုရှလင်မြို့ပျက်စီးယိုယွင်းခြင်း ၄:၁-၂၂
ကရုဏာသက်တော်မူရန်ဆုတောင်းခြင်း ၅:၁-၂၂
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.