Common Language Bible
ရှင်ယောဟန် 2
ကာနမြို့မင်္ဂလာဆောင်ပွဲ
နောက်နှစ်ရက်ကြာသောအခါဂါလိလဲပြည်၊ ကာနမြို့မှာမင်္ဂလာဆောင်ပွဲကျင်းပရာ သခင်ယေရှု၏မယ်တော်ကြွရောက်၏။- သခင်ယေရှုနှင့်တပည့်တော်တို့အားလည်း ထိုပွဲသို့ဖိတ်ကြားထား၏။- စပျစ်ရည်ကုန်သွားသောအခါသခင်ယေရှု ၏မယ်တော်က ``ထိုသူတို့မှာစပျစ်ရည်မရှိ တော့ပါ'' ဟုကိုယ်တော်အားပြောကြား၏။
သခင်ယေရှုက ``မယ်တော်၊ အဘယ်အမှုပြု ရမည်ကိုအကျွန်ုပ်အားမပြောပါနှင့်။ အကျွန်ုပ် လုပ်ဆောင်ရန်အချိန်မကျသေးပါ'' ဟုမိန့်တော် မူ၏။
ထိုအခါမယ်တော်သည်အစေခံတို့အား ကိုယ် တော်စေခိုင်းသည့်အတိုင်းပြုကြရန်မှာကြား၏။
ထိုနေရာတွင် ရေနှစ်ထမ်းသုံးထမ်းခန့်စီဝင်သော ကျောက်အိုးကြီးခြောက်လုံးရှိ၏။ ယုဒမျိုးသား တို့၏ဘာသာဋ္ဌလေ့အရ သန့်စင်မှုကိုပြုရန် ထိုအိုးများကိုထားရှိခြင်းဖြစ်၏။- သခင်ယေရှုက ``ဤအိုးများတွင်ရေအပြည့် ထည့်ကြလော့'' ဟုအစေခံတို့အားမိန့်တော်မူ လျှင် သူတို့သည်အိုးနှုတ်ခမ်းအထိရေပြည့် အောင်ထည့်ကြ၏။- ထိုနောက်ကိုယ်တော်က ``ဤအိုးများမှရေ အနည်းငယ်ကိုခပ်၍ပွဲအုပ်ထံယူသွားကြ လော့'' ဟုမိန့်တော်မူသည့်အတိုင်းအစေခံ တို့သည်ယူသွားကြ၏။- ပွဲအုပ်သည်စပျစ်ရည်အဖြစ်သို့ပြောင်းလဲ လာသောရေကိုမြည်းစမ်းကြည့်၏။ အစေခံ များသည်စပျစ်ရည်ကိုအဘယ်မှရရှိ ကြောင်းသိကြသော်လည်း ပွဲအုပ်မူကား မသိ။ သို့ဖြစ်၍ပွဲအုပ်သည်မင်္ဂလာဆောင် သတို့သားအားခေါ်ပြီးလျှင်၊- ``လူတိုင်းပင်စပျစ်ရည်ကောင်းနှင့်ဦးစွာဧည့်ခံ တတ်၏။ လူတို့စိတ်ရှိသောက်ကြပြီးမှ စပျစ် ရည်အညံ့ကိုထည့်ပေးလေ့ရှိ၏။ သင်မူကား စပျစ်ရည်ကောင်းကိုယခုမှထုတ်ပေးပါ သည်တကား'' ဟုဆို၏။
သခင်ယေရှုသည်ဂါလိလဲပြည်ကာနမြို့တွင် ဤသို့ဦးစွာပထမအံ့ဖွယ်သောနိမိတ်လက္ခ ဏာကိုပြတော်မူလျက် မိမိ၏ဘုန်းအသရေ တော်ကိုထွန်းတောက်စေတော်မူ၏။ သို့ဖြစ်၍ တပည့်တော်တို့သည်ကိုယ်တော်ကိုယုံကြည် ကြ၏။
ထိုနောက်ကိုယ်တော်သည်မယ်တော်၊ ညီတော်များ၊ တပည့်တော်များနှင့်အတူကပေရနောင်မြို့ သို့ကြွ၍ရက်အနည်းငယ်နေထိုင်တော်မူ၏။1
ဗိမာန်တော်သို့ကြွတော်မူခြင်း
(မ၊ ၂၁:၁၂-၁၃။ မာ၊ ၁၁:၁၅-၁၇။ လု၊ ၁၉:၄၅-၄၆)
ယုဒအမျိုးသားတို့၏ပသခါပွဲနီးကပ်လာ သောအခါ သခင်ယေရှုသည်ယေရုရှလင်မြို့ သို့ကြွတော်မူ၏။-2 ကိုယ်တော်သည်ဗိမာန်တော်အတွင်းတွင်နွားများ၊ သိုးများ၊ ချိုးငှက်များရောင်းသောသူများနှင့် ငွေလဲလှယ်နေသူများထိုင်လျက်နေသည်ကို တွေ့တော်မူ၏။- ထိုအခါကြိုးဖြင့်နှင်တံကိုပြုလုပ်ပြီးလျှင် သိုးနွားများကိုဗိမာန်တော်ထဲမှမောင်းထုတ် တော်မူ၏။ ငွေလဲလှယ်သူတို့၏ငွေများကို သွန်ချ၍ ငွေတင်ခုံများကိုမှောက်လှန်ပစ် တော်မူ၏။- ကိုယ်တော်က ``ဤအရာများကိုယူသွား ကြ။ ငါ့အဖ၏အိမ်တော်ကိုစျေးမဖြစ်စေ နှင့်'' ဟုချိုးငှက်ရောင်းသူများအားမိန့်တော် မူ၏။- ထိုအခါတပည့်တော်တို့သည် ``ကိုယ်တော် ၏အိမ်တော်အပေါ်ချစ်ခင်တွယ်တာမှုသည် အကျွန်ုပ်၏ရင်အတွင်း၌မီးသဖွယ်ကျွမ်း လောင်လျက်ရှိပါ၏'' ဟူသောကျမ်းစကား ကိုသတိရကြ၏။3
ယုဒအာဏာပိုင်တို့က ``သင်သည်ဤအမှု အရာများကိုပြုလုပ်ပိုင်ကြောင်းသိသာ စေရန် ငါတို့အားအဘယ်နိမိတ်လက္ခဏာ ကိုပြပါမည်နည်း'' ဟုဆိုကြ၏။
သခင်ယေရှုက ``ဤဗိမာန်တော်ကိုဖြိုဖျက် ကြလော့။ သုံးရက်အတွင်းငါပြန်လည်တည် ဆောက်မည်'' ဟုမိန့်တော်မူ၏။4
ယုဒအမျိုးသားတို့က ``ဤဗိမာန်တော် ကိုလေးဆယ့်ခြောက်နှစ်တိုင်တိုင်တည်ဆောက် ခဲ့ရ၏။ သင်ကသုံးရက်နှင့်ပြန်လည်တည် ဆောက်ပါမည်လော'' ဟုမေးကြ၏။
ကိုယ်တော်ကားမိမိ၏ကိုယ်ခန္ဓာတော်တည်းဟူ သောဗိမာန်တော်ကိုရည်စူး၍မိန့်တော်မူခြင်း ဖြစ်၏။- သို့ဖြစ်၍တပည့်တော်တို့သည်ကိုယ်တော်သေ ခြင်းမှရှင်ပြန်ထမြောက်တော်မူသောအခါ ဤ သို့ကိုယ်တော်မိန့်တော်မူခဲ့သည်ကိုပြန်လည် သတိရကြလျက် ကျမ်းစာတော်ကိုလည်း ကောင်း၊ သခင်ယေရှုမိန့်တော်မူခဲ့သော စကားတော်ကိုလည်းကောင်းယုံကြ၏။
လူ့အကြောင်းကိုသခင်ယေရှု သိတော်မူခြင်း
ယေရုရှလင်မြို့တွင်ကျင်းပသည့်ပသခါပွဲ ၌ ကိုယ်တော်ပြတော်မူသည့်အံ့ဖွယ်သောနိမိတ် လက္ခဏာများကိုတွေ့မြင်ရကြသဖြင့် လူ အမြောက်အမြားပင်ကိုယ်တော်အားယုံကြည် လာကြ၏။- သို့ရာတွင်ကိုယ်တော်သည်လူခပ်သိမ်းတို့၏ အကြောင်းကိုသိတော်မူသဖြင့် ထိုသူတို့ အားယုံစားတော်မမူ။
ကိုယ်တော်သည်လူ၏စိတ်နှလုံးအကြံအစည် ကိုသိတော်မူသောကြောင့် ကိုယ်တော်အားလူ့ အကြောင်းကိုအဘယ်သူမျှပြောရန်မလို။
Source notes (4)
- Cross-reference မ၊ ၄:၁၃။
- Cross-reference ထွ၊ ၁၂:၁-၂၇။
- Cross-reference ဆာ၊ ၆၉:၉။
- Cross-reference မ၊ ၂၆:၆၁၊ ၂၇:၄၀။ မာ၊ ၁၄:၅၈၊ ၁၅:၂၉။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.