ဒံယေလ
Daniel
Introduction from this edition
ဒံယေလအနာဂတ္တိကျမ်း
နိဒါန်း
ဒံယေလအနာဂတ္တိကျမ်းသည်နိုင်ငံခြားဘုရင်တစ်ပါး၏ဖိနှိပ်ချုပ်ချယ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုကို ယုဒအမျိုးသားတို့အပြင်းအထန်ခံကြရချိန်၌ပြုစုရေးသားသည့်ကျမ်းဖြစ်သည်။ ထာဝရဘုရားသည်ထိုမင်းဆိုးမင်းညစ်ကိုဖယ်ရှားတော်မူ၍ မိမိ၏လူမျိုးတော်အားကိုယ့်မင်းကိုယ့်ချင်းနှင့်တစ်ဖန်ပြန်လည်နေထိုင်ခွင့်ကိုပေးတော်မူလိမ့်မည်ဖြစ်ကြောင်း စာရေးသူကဗျာဒိတ်ရူပါရုံများတွင်မိမိတွေ့မြင်ရသည့်အကြောင်းအရာများအားဖြင့်ယုဒအမျိုးသားတို့ကိုအားပေးသည်။
ဤကျမ်းစောင်တွင်အပိုင်းကြီးနှစ်ပိုင်းပါရှိ၏။ (၁) ပထမပိုင်းတွင်ဘုရားသခင်အားယုံကြည်ကိုးစားကာ ကိုယ်တော်၏ပညတ်တော်ကိုနာခံခြင်းအားဖြင့် ရန်သူများအားခံရပ်အောင်မြင်သောဒံယေလနှင့်အခြားပြည်နှင်ဒဏ်သင့်သူလူအချို့တို့၏အကြောင်းကိုတွေ့ရသည်။ ထိုအမှုအရာများသည်ဗာဗုလုန်နှင့်(ပါရှား) အင်ပါယာနိုင်ငံများပေါ်ထွန်းချိန်၌ဖြစ်ပျက်သည့်အမှုအရာများဖြစ်သည်။ (၂) ဒုတိယပိုင်းတွင်ဆက်ကာဆက်ကာဒံယေလတွေ့မြင်ရသည့်ဗျာဒိတ်ရူပါရုံများအကြောင်းပါရှိ၏။ ထိုဗျာဒိတ်ရူပါရုံများတွင်အင်ပါယာနိုင်ငံအချို့တို့ပေါ်ထွန်းပုံနှင့်ပျက်သုဉ်းပုံတို့ကိုလည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်သောဘုရင်ကျဆုံးမည့်အကြောင်းနှင့် ဘုရားသခင်၏လူမျိုးတော်တို့အောင်ပွဲခံရမည့်အကြောင်းတို့ကိုလည်းကောင်းအမှတ်လက္ခဏာများအားဖြင့်ဖော်ပြ၏။
အကြောင်းအရာအကျဉ်းချုပ်
ဒံယေလနှင့်အဖော်များ ၁:၁-၆:၂၈
ဒံယေလတွေ့မြင်ရသည့်ဗျာဒိတ်ရူပါရုံများ ၇:၁-၁၁:၄၅
(က) သားရဲလေးကောင် ၇:၁-၂၈
(ခ) သိုးထီးနှင့်ဆိတ် ၈:၁-၉:၂၇
(၈) ကောင်းကင်ဘုံမှစေတမန် ၁၀:၁-၁၁:၄၅
ကပ်ကာလကုန်ဆုံးချိန် ၁၂:၁-၁၃
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.