၂ ပေ
2 Peter
Introduction from this edition
ရှင်ပေတရုသြဝါဒစာဒုတိယစောင်
နိဒါန်း
ရှင်ပေတရုသြဝါဒစာဒုတိယစောင်သည် ရှေးဦးခရစ်ယာန်များထံသို့ပေးပို့သောစာ ဖြစ်သည်။ ဤစာကိုရေးရသည့်အဋ္ဌိကအကြောင်း မှာ ဆရာအတုအယောင်များ၏သွန်သင်ခြင်း နှင့် ယင်းသွန်သင်ခြင်း၏ဆိုးကျိုးဖြစ်သော စာရိတ္တပျက်ပြားမှုကိုတားဆီးရန်ဖြစ်၏။ ဘုရားသခင်နှင့်သခင်ယေရှု၏အကြောင်း သွန်သင်ချက်အစစ်အမှန်ကိုစွဲမြဲစွာခံယူ ထားရန်လိုအပ်ကြောင်း၊ ယင်းစစ်မှန်သည့်သွန် သင်ချက်ကိုသခင်ယေရှုအားကိုယ်တိုင်ဖူး မြင်၍ ကိုယ်တော်၏သြဝါဒများကိုကြား နာခဲ့ရသူများထံမှသာရရှိနိုင်မည်ဖြစ် ကြောင်း၊ နောက်တစ်ဖန်သခင်ယေရှုကြွလာ တော်မူတော့မည်မဟုတ်ဟူသောသွန်သင်ချက် သည်လွဲမှားနေကြောင်း၊ ခရစ်တော်ပြန်လည် ကြွလာရန်နှောင့်နှေးလျက်နေခြင်းမှာ ဘုရား သခင်သည်လူအပေါင်းတို့အားဆုံးပါး ပျက်စီးစေရန်အလိုတော်မရှိသောကြောင့် ဖြစ်ကြောင်း၊ သူတို့သည်မိမိတို့၏အပြစ် များကိုနောင်တရစေရန် အလိုတော်ရှိကြောင်း စသည်ဖြင့်စာရေးသူကရေးသားသည်။
အကြောင်းအရာအကျဉ်းချုပ ်
နိဒါန်း ၁:၁-၂
ခရစ်ယာန်တို့၏လုပ်ငန်းတာဝန် ၁:၃-၂၁
ဆရာအတုအယောင်များ ၂:၁-၂၂
နောက်ဆုံးအကြိမ်ခရစ်တော်ကြွလာတော်မူခြင်း ၃:၁-၁၈
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.