Common Language Bible
၁ ရာ 21
ရှောလုထံမှဒါဝိဒ်ထွက်ပြေးခြင်း
ဒါဝိဒ်သည်ယဇ်ပုရောဟိတ်အဟိမလက်ရှိ ရာ နောဗမြို့သို့သွား၏။ အဟိမလက်သည် ကြောက်လန့်တုန်လှုပ်လျက် ဒါဝိဒ်အားလာ ရောက်တွေ့ဆုံပြီးလျှင်``သင်သည်အဘယ် ကြောင့်တစ်ကိုယ်တည်းဤအရပ်သို့လာ ပါသနည်း'' ဟုမေး၏။1
ဒါဝိဒ်က``အကျွန်ုပ်သည်ဘုရင့်အမှုတော်ကို ထမ်းဆောင်ရန်ရောက်ရှိလာခြင်းဖြစ်ပါသည်။ မင်းကြီးက မိမိစေခိုင်းသည့်အမှုကိစ္စကို အဘယ်သူ့အားမျှမပြောရန်မှာကြား လိုက်ပါသည်။- ယခုကိုယ်တော်၏ထံတွင်ရိက္ခာမည်မျှရှိ ပါသနည်း။ အကျွန်ုပ်အားမုန့်ငါးလုံးသို့ မဟုတ်ကိုယ်တော့်ထံ၌ရှိသောအစား အစာတစ်စုံတစ်ခုကိုပေးပါ'' ဟုတောင်း၏။
ယဇ်ပုရောဟိတ်က``ငါ၏ထံတွင်မုန့်ရိုးရိုး မရှိ။ ရှေ့တော်မုန့်သာလျှင်ရှိ၏။ သင့်ငယ် သားတို့သည်မကြာသေးမီအခါက ကာမရာဂစပ်ယှက်မှုမပြုခဲ့ကြပါမူ သင်သည်ထိုမုန့်ကိုယူနိုင်ခွင့်ရှိပါ၏'' ဟုဆို၏။
ဒါဝိဒ်က``အကျွန်ုပ်၏ငယ်သားတို့သည်ကာမ ရာဂစပ်ယှက်မှုနှင့်ကင်းလွတ်ကြပါ၏။ သူတို့ သည်သာမန်ကိစ္စနှင့်ခရီးထွက်သည့်အခါ၌ ပင်လျှင် ဘာသာရေးကျင့်ဝတ်အရသန့်စင်မှု ရှိအောင်နေထိုင်ကြသည်ဖြစ်၍ ယခုကဲ့သို့ အထူးကိစ္စနှင့်ခရီးထွက်ချိန်၌ပို၍သန့် စင်အောင်နေကြပါသည်'' ဟုပြော၏။
ထို့ကြောင့်ယဇ်ပုရောဟိတ်သည်မိမိထံ တွင်အခြားမုန့်လည်းမရှိသဖြင့် ထာဝရ ဘုရားအားပူဇော်ထားသည့်ရှေ့တော်မုန့် ကိုဒါဝိဒ်အားပေးလေသည်။ ထိုမုန့်ဟောင်း ကိုမုန့်သစ်ဖြင့်အစားထိုးပူဇော်ရန်ဖြစ် သည်။2
(ရှောလု၏သိုးထိန်းမှူးဖြစ်သူဧဒုံပြည် သားဒေါဂသည် ထိုနေ့၌ဘာသာရေးကျင့် ဝတ်အရသန့်စင်မှုမင်္ဂလာပြုရန်အတွက် ထိုအရပ်သို့ရောက်ရှိနေခိုက်ဖြစ်သတည်း။)
ဒါဝိဒ်ကအဟိမလက်အား``ကိုယ်တော်ထံ တွင်လှံသော်လည်းကောင်း၊ ဋ္ဌားသော်လည်း ကောင်းရှိပါသလော။ ဘုရင်အမိန့်တော်ကြောင့် အကျွန်ုပ်သည်အလျင်စလိုထွက်ခွာလာခဲ့ ရသဖြင့် ဋ္ဌားလက်နက်တစ်စုံတစ်ရာကိုမျှ ယူဆောင်ရန်အချိန်မရပါ'' ဟုဆိုလျှင်၊
အဟိမလက်က``ငါ့မှာဧလာချိုင့်ဝှမ်းတွင် သတ်ဖြတ်ခဲ့သည့်ဖိလိတ္တိအမျိုးသားဂေါ လျတ်၏ဋ္ဌားရှိပါ၏။ ထိုဋ္ဌားကိုပဋိညာဉ် သေတ္တာတော်၏နောက်တွင်အဝတ်နှင့်ပတ်၍ ထားပါ၏။ သင်အလိုရှိလျှင်ယူပါလေ။ ဤအရပ်တွင်အခြားလက်နက်မရှိပါ'' ဟုပြန်ပြော၏။
ထိုအခါဒါဝိဒ်က``ထိုဋ္ဌားထက်ကောင်း သည့်ဋ္ဌားအဘယ်မှာမျှမရှိပါ။ ယင်းကို အကျွန်ုပ်အားပေးပါလော့'' ဟုဆို၏။3
ထိုနေ့၌ဒါဝိဒ်သည်ရှောလုထံမှတိမ်း ရှောင်ကာ ဂါသဘုရင်အာခိတ်မင်းထံသို့ သွား၏။- ဘုရင့်မှူးမတ်တို့က``ဤဒါဝိဒ်ဆိုသူသည် ဣသရေလဘုရင်ပင်မဟုတ်ပါလော။ အမျိုး သမီးတို့သည်ကခုန်ကာ`ရှောလုသတ်သူ အထောင်ထောင်၊ ဒါဝိဒ်သတ်သူအသောင်း သောင်း' ဟုသူ၏အကြောင်းကိုသီချင်းဆို ခဲ့ကြသည်မဟုတ်ပါလော'' ဟုလျှောက် ထားကြ၏။4
ထိုသူတို့၏စကားကိုဒါဝိဒ်နှလုံးသွင်း၍ အာခိတ်မင်းအားအလွန်ကြောက်ရွံ့သော ကြောင့်၊-5 ရူးသွပ်ဟန်ဆောင်လျက်သူတို့၏ရှေ့တွင် အရူးကဲ့သို့ပြုပြီးလျှင် တံခါးရွက်ပေါ် တွင်ရေးခြစ်၍နေ၏။ မိမိ၏မုတ်ဆိတ်ပေါ် မှာသွားရည်ယိုကျစေ၏။-6 သို့ဖြစ်၍အာခိတ်မင်းသည်မှူးမတ်တို့ အား``ကြည့်လော့၊ ဤသူသည်သူရူးဖြစ်ပါ သည်တကား။ သူ့အားသင်တို့အဘယ်ကြောင့် ငါ့ထံသို့သွင်းကြသနည်း။- ငါ့ထံတွင်ရူးသွပ်သူနည်းပါးနေသောကြောင့် လော။ ငါ၏နန်းတော်ထဲမှာငါ့အားအနှောင့် အယှက်ပေးရန် အဘယ်ကြောင့်အရူးကိုသွင်း ကြသနည်း'' ဟုမိန့်တော်မူ၏။
Source notes (6)
- Cross-reference မ၊ ၁၂:၃-၄။ မာ၊ ၂:၂၅-၂၆။ လု၊ ၆:၃။
- Cross-reference ဝတ်၊ ၂၄:၅-၉။
- Cross-reference ၁ရာ၊ ၁၇:၅၁။
- Cross-reference ၁ရာ၊ ၁၈:၇။
- Cross-reference ဆာ၊ ၅၆ခေါင်းစဉ်။
- Cross-reference ဆာ၊ ၃၄ခေါင်းစဉ်။
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.