၁ ပေ
1 Peter
Introduction from this edition
ရှင်ပေတရုသြဝါဒစာပထမစောင်
နိဒါန်း
ရှင်ပေတရုသြဝါဒစာပထမစောင်သည် အာရှမိုင်းနားဒေသမြောက်ပိုင်းတွင် ပျံ့နှံ့နေ ထိုင်လျက်ရှိသည့်ခရစ်ယာန်များထံသို့ရေး သားပေးပို့သည့်စာဖြစ်၏။ ဤစာစောင်တွင် ထိုသူတို့အားဘုရားသခင်ရွေးချယ်တော် မူသောလူစုတော်ဟူ၍ခေါ်ဆိုထားလေ သည်။ ဤစာ၏အဋ္ဌိကရည်ရွယ်ချက်မှာ မိမိယုံကြည်ခြင်းကြောင့် ဆင်းရဲဒုက္ခနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံနေရကြသော ခရစ်ယာန်တို့အား၊ အားပေးစကားပြော ကြားရန်ဖြစ်၏။ သခင်ယေရှုအသေခံ တော်မူခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက် တော်မူခြင်းနှင့် နောက်တစ်ဖန်ပြန်လည်ကြွ လာမည်ဟုကတိထားတော်မူခြင်းတည်း ဟူသောသတင်းကောင်းကြောင့် ခရစ်ယာန် တို့သည်မျှော်လင့်ချက်ရှိသူများဖြစ်ကြောင်း၊ ယင်းသို့မျှော်လင့်ချက်ရှိသူများဖြစ်၍ မိမိတို့ရင်ဆိုင်ရကြသည့်ဆင်းရဲဒုက္ခ များကိုဇွဲသတ္တိဖြင့် ရင်ဆိုင်ရကြမည်ဖြစ် ကြောင်းထိုဆင်းရဲဒုက္ခများကား မိမိတို့ သည်ဘုရားသခင်အားယုံကြည်ခြင်းစစ် မှန်သည်မစစ်မှန်သည်ကို စစ်ဆေးသည့် အရာများသာလျှင်ဖြစ်သည်ဟူ၍လည်း ကောင်း၊ မိမိတို့သည်သခင်ယေရှုကြွလာ တော်မူသောနေ့၌ချီးမွမ်းခြင်း၊ ဘုန်း အသရေနှင့်ဂုဏ်ကျက်သရေစသည်များ ကို ခံယူရရှိကြလိမ့်မည်ဟူ၍လည်းကောင်း ယုံကြည်ရကြမည်ဖြစ်ကြောင်းစာရေးသူ ကအားပေးစကားပြောကြားလေသည်။
စာရေးသူသည်အားပေးစကားပြောကြား ရင်းခရစ်ယာန်တို့သည် ခရစ်တော်၏တပည့် သားများပီသစွာပြုမူကျင့်ကြံကြရန် တိုက်တွန်းထားသည်။
အကြောင်းအရာအကျဉ်းချုပ်
နိဒါန်း ၁:၁-၂
ဘုရားသခင်၏ကယ်တင်ခြင်းကျေးဇူးတော်အကြောင်း ပြန်လည်သတိရစေခြင်း ၁:၃-၁၂
ကောင်းမြတ်သည့်အကျင့်သီလ၌ကျင်လည်ကြရန် တိုက်တွန်းနှိုးဆော်ခြင်း ၁:၁၃-၂:၁၀
အခက်အခဲရှိချိန်တွင်ခရစ်ယာန်တို့၌ရှိသည့် တာဝန်ဝတ္တရားများ ၂:၁၁-၄:၁၉
ခရစ်ယာန်နှိမ့်ချမှုနှင့်အစေခံမှု ၅:၁-၁၁
နိဂုံး ၅:၁၂-၁၄
Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.
Full source notice & licence · SourceEdition imported 2026-10-25.