Skip to content
BibleKenya

၁ ယော

1 John

Introduction from this edition

ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်

နိ​ဒါန်း

ရှင်​ယော​ဟန်​သြ​ဝါ​ဒ​စာ​ပ​ထ​မ​စောင်​တွင် ရည်​ရွယ်​ချက်​(၂)​ခု​ရှိ​၏။ ယင်း​ရည်​ရွယ်​ချက် များ​မှာ (၁) စာ​ဖတ်​သူ​တို့​အား​ဘု​ရား​သ​ခင် နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​သား​တော်​ယေ​ရှု ခ​ရစ်​နှင့်​လည်း​ကောင်း၊ မိတ်​သဟာ​ယ​ဖွဲ့​ဖို့​အား ပေး​တိုက်​တွန်း​ရန်​နှင့်​(၂) ယင်း​သို့​မိတ်​သ​ဟာ ယ​ဖွဲ့​မှု​ကို​ပျက်​ပြား​စေ​မည့်​မှား​ယွင်း​သော သွန်​သင်​ချက်​ကို​လက်​မ​ခံ​ကြ​ဖို့​သ​တိ​ပေး ရန်​ဖြစ်​ပေ​သည်။ မှား​ယွင်း​သော​သွန်​သင်​ချက် အ​ရ​မ​ကောင်း​မှု​ဟူ​သ​မျှ​သည်​ရုပ်​လော​က နှင့်​ထိ​တွေ့​မှု​မှ​ဖြစ်​ပေါ်​လာ​ရ​ကား ဘု​ရား သ​ခင်​၏​သား​တော်​သ​ခင်​ယေ​ရှု​သည်​အ​ကယ် ပင်​လူ့​ဇာ​တိ​ကို​မ​ခံ​ယူ​နိုင်။ ထို​သို့​သွန်​သင် သော​ဆ​ရာ​တို့​က​ကယ်​တင်​ခြင်း​ဆို​သည်​မှာ ဤ​လော​က​တွင်​နေ​ထိုင်​ရေး​အ​တွက်​စိုး​ရိမ် ပူ​ပန်​မှု​နှင့်​ကင်း​ဝေး​နိုင်​ခြင်း​ပင်​ဖြစ်​သည် ဟူ​၍​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​သည် အ​ကျင့်​တ​ရား၊ မေတ္တာ​တ​ရား​တို့​နှင့်​မည် သို့​မျှ​မ​သက်​ဆိုင်​ဟူ​၍​လည်း​ကောင်း​သွန် သင်​ကြ​၏။

ထို​သူ​တို့​၏​သွန်​သင်​ချက်​ကို​ချေ​ပ​သည့် အ​နေ​ဖြင့်​စာ​ရေး​သူ​က ယေ​ရှု​ခရစ်​သည်​လူ သား​အ​မှန်​စင်​စစ်​ဖြစ်​တော်​မူ​ခဲ့​ကြောင်း ရှင်း​လင်း​ပြတ်​သား​စွာ​တင်​ပြ​သည်။ ထို​မှ တစ်​ပါး​လည်း​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည်​၍ ဘု​ရား​သ​ခင်​ကို​ချစ်​မြတ်​နိုး​သူ​မှန်​သ​မျှ သည် မိ​မိ​တို့​အ​ချင်း​ချင်း​အား​လည်း​ချစ် ရ​ကြ​မည်​ဖြစ်​ကြောင်း​အ​လေး​ပေး​သွန် သင်​ပေ​သည်။

အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်

နိ​ဒါန်း ၁:၁-၄

အ​လင်း​နှင့်​အ​မှောင် ၁:၅-၂:၂၉

ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့်

မာရ်​နတ်​၏​သား​သ​မီး​များ ၃:၁-၂၄

အ​မှန်​နှင့်​အ​မှား ၄:၁-၆

မေတ္တာ​တ​ရား ၄:၇-၂၁

အောင်​မြင်​သော​ယုံ​ကြည်​ခြင်း ၅:၁-၂၁

Common Language Bible. Public domain. Source: eBible.org. Typeset from the source files; no intended changes to scripture wording. BibleKenya is not endorsed by the rights holder.

Full source notice & licence · SourceEdition imported 2026-10-25.

BibleKenya

Reader settings

Theme
Font
Alignment
Reading width

Saved in this browser and used offline too. Press ? for keyboard shortcuts.